မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် မြို့နယ် ၄ ခုမှာ အောက်တိုဘာ ၂၉ ရက်နဲ့ ၃၀ ရက် ၂ ရက်အတွင်း အသက် ၆၀ နဲ့ အထက်ကြိုတင်မဲပေးသူ ၁၇၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်။
ခရိုင်အုပ်ချုပ်ရေးမှူးရုံးတာဝန်ကျဝန်ထမ်း ၁ ဦးက “အောက်တိုဘာလ ၂၉ ရက်မှာ ၄ မြို့နယ်လုံးက ကြိုတင်မဲပေးသူ ၅ ထောင်ကျော် ရှိခဲ့တယ်။ ဒီနေ့မှာတော့ ၁ သောင်း ၂ ထောင်ကျော်အထိ ရှိလာတယ်” လို့ ပြောပါတယ်။
အောက်တိုဘာလ ၂၉ ရက်မှာ မိတ္ထီလာမြို့နယ်မှာ ကြိုတင်မဲ ၂၀၀၀ ကျော်၊ မလှိူင်မှာ ၉၀၀ ကျော်၊ သာစည်မှာ ၁၂၀၀ နဲ့ ဝမ်းတွင်းမှာ ၁၃၀၀ ကျော် ပေါင်း ၅၀၀၀ ကျော်ရှိခဲ့တာပါ။
အောက်တိုဘာလ ၃၀ ရက်နေ့မှာတော့ မိတ္ထီလာမှာ ကြိုတင်မဲ ၆၀၀၀ ကျော်၊ မလှိူင်မှာ ၂၀၀၀ ကျော်၊ သာစည်မှာ ၂၀၀၀ ကျော်၊ ဝမ်းတွင်းမှာ ၁၇၀၀ ကျော် ပေါင်း ၁၂၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ခရိုင်တခုလုံးမှာ ကြိုတင်မဲပေးမယ့်သူ အရေအတွက် ၁ သိန်း ၂ သောင်းကျော်ရှိတယ်လို့ သိရပါတယ်။
အသက် ၆၀ နဲ့ အထက် မဲဆန္ဒရှင်တွေကို အောက်တိုဘာ ၂၉ ရက်ကစပြီး နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်မဲပေးနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာပါ။
မောင်မောင်လင်း