ဝမ်းတွင်းတွင် မဲရေတွက်ခြင်းနမူနာရုပ်ပုံပါဗီနိုင်း ဆုတ်ဖြဲသူကို အမှုဖွင့်
DVB
·
October 31, 2020
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ညောင်ဦးဖီးရွာ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ အောက်တိုဘာ ၃၀ ရက်ညနေက မဲရေတွက်တဲ့ မူနာရုပ်ပုံတွေပါ ဗီနိုင်းအား ဆုတ်ဖြဲသူကို အမှူဖွင့်ထားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက သိရပါတယ်။
ဝမ်းတွင်းမြို့မရဲစခန်းဒုရဲအုပ်စည်သူခိုင်က "အမှူဖွင့်ထားတာ ဟုတ်ပါတယ်၊ အခုပဲ စစ်ဆေးမေးမြန်းဖို့ အဲဒီရွာကို သွားနေပါတယ်" လို့ ပြောပါတယ်။
ညောင်အုပ်ဖီးရွာနေ ဝေမင်ထွန်း (၂၇နှစ်) ဟာ မဲစာရင်းကပ်မထားတဲ့အပေါ် မကျေနပ်ဖြစ်ပြီး ဗီနိုင်းကို ဆွဲဖြဲခဲ့တယ်လို့ သိရပါတယ်။
ညောင်အုပ်ဖီးအုပ်ချုပ်ရေးမှူး ဦးတင်ဆင့်က "မဲစာရင်းကြည့်ချင်တယ်တဲ့။ မဲစာရင်းက မကပ်တော့ဘူး။ မဲစာရင်းကြေညာရက်ကျော်သွားပြီ၊ မဲရုံဖွင့်ရင် မဲရုံမှာလည်း ကြည့်လို့ရတယ်၊ ပါတီကိုယ်စားလှယ်တွေဆီမှာလည်း ကြည့်လို့ရတယ်၊ ရှင်းပြတယ်၊ အဲဒါကိုမကျေမနပ်ဖြစ်ပြီး ဗီနိုင်း ဆွဲဖြဲသွားတာပဲ" လို့ ပြောပါတယ်။
ဝေမင်းထွန်ကို ဝမ်းတွင်းမြို့မရဲစခန်းမှက စာရွက်စာတမ်းတွေကို ဆုတ်ဖြဲ၊ ဖတ်ရှုမရအောင်ပြုလုပ်မှု ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၅၉ (က) နဲ့ အမှူဖွင့်ထားတယ်လို့ သိရပါတယ်။
မောင်မောင်လင်း