Home
မြန်မာသတင်း
ဗန်းမော်လေကြောင်းရုံး ဓားပြတိုက်လူသတ်မှု သေဆုံးသူ၏ခင်ပွန်းကိုယ်တိုင် ကျူးလွန်ခြင်းဖြစ်
DVB
·
October 31, 2020
123316248_812451562862133_2966320696548560404_o
123290903_812442766196346_5135828727557089070_n
123250066_812442982862991_8568085174859782735_o
123141157_812442912862998_6049173624789246523_o
123108244_812443116196311_7496372728179898725_n
123104790_812442999529656_1443494928985868960_n
123036944_812443042862985_4182513703159252731_n
123001965_812442806196342_2354135315694574571_n
122995518_812443082862981_413388520977537165_n
122995222_812442729529683_4556225138722529453_o
122986891_812442876196335_1042157233093305707_n
122952626_812442946196328_3872944828330841875_o
123316248_812451562862133_2966320696548560404_o
ကချင်ပြည်နယ်၊ ဗန်းမော်မြို့လေကြောင်းရုံး လူသတ်မှုဟာ သေဆုံးသူရဲ့ ခင်ပွန်းက ကျူးလွန်ခဲ့တာလို့ ဗန်းမော်မြို့မရဲစခန်းဆီကနေ သိရပါတယ်။ ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ ဦးဆောင်ကြီးကြပ်မှုနဲ့ အမှုဖွင့်စတင်ဖွင့်ချိန်ကနေ ၁၁ နာရီ အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဆိုပါတယ်။ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစိုးမြင့်အောင် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်က သက်သေတွေကို စစ်ဆေးတာ၊ ဖြစ်စဉ်ကို သုံးသပ်တာ၊ စီစီတီဗွီမှတ်တမ်းတွေကို စစ်ဆေးတာတွေလုပ်ခဲ့ပြီး စစ်ဆေးချက်အရ ဒီမနက်မှာတော့ လူသတ်မှုကျူးလွန်သူက သေဆုံးသူ ဒေါ်စောမိမိကြီးရဲ့ ခင်ပွန်းဖြစ်သူ ဦးအောင်ဇော်မြင့်ဦးနဲ့ သူ့ရဲ့ တပည့်ဖြစ်တဲ့ အယ်ကျိုင်းတို့ဖြစ်ပြီး လင်မယားရန်ဖြစ်ရာကနေ တုတ်နဲ့ရိုက်မိ လက်လွန်သွားတာလို့ ထွက်ဆိုပါတယ်။ သေဆုံးသူကို ဦးအောင်ဇော်မြင့်ဦးကိုယ်တိုင် အယ်ကျိုင်းရဲ့အကူအညီနဲ့ တိပ်နဲ့ပတ်ကာ မီးခံသေတ္တာထဲက သိန်း ၂၀ ယူသွားခံရတယ်ဆိုပြီး လိမ်လည်ထွက်ဆိုခဲ့တာလို့ ဆိုပါတယ်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၃၀ ရက် ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက် ဂျူဗလီလမ်းနားမှာရှိတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းလေယာဉ်လက်မှတ်ရောင်းတဲ့အိမ်နေ မနှင်းအိလင်းလက်ဟာ နေအိမ်အပေါ်ထပ်ကနေ အောက်ထပ်ကို ဆင်းလာချိန် ဖခင်ဖြစ်သူ  ဦးအောင်ဇော်မြင့်ဦး (လေကြောင်းရုံးမန်နေဂျာ)ကို မီးခံသေတ္တာထားတဲ့ အခန်းထဲမှာ လက်နဲ့ပါးစပ်တို့ကို တိပ်နဲ့ ပတ်လျှက်အနေအထားနဲ့ လဲနေတာကိုတွေ့ရပြီး  မိခင်ဖြစ်သူမှာလည်း မီးဖိုခန်းထဲမှာ လက်ကို တိပ်နဲ့ပတ်လျှက် ဦးခေါင်းသွေးထွက်ဒဏ်ရာနဲ့ လဲနေတာကို တွေခဲ့ရပါတယ်။ ဦးအောင်ဇော်မြင့်ဦးရဲ့ ပြောပြချက်အရ အမည်မသိ လူ ၃ ယောက်ရောက်လာပြီး မီးခံသေတ္တာသော့ဖွင့်ခိုင်းကာ ငွေကျပ်သိန်း ၂၀ ယူဆောင်ပြီး သူတို့လင်မယားနှစ်ယောက်ကို ရိုက်နှက်သွားတယ်လို့ ဆိုပါတယ်။ ဒေါ်စောမိမိကြီးဟာ ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ ၂ ချက်၊ မေးစေ့ယာဘက်အောက် ပြတ်ရှဒဏ်ရာ ၁ ချက်ရရှိပြီး ဆေးရုံကို တင်ပို့နေတုန်း သေဆုံးသွားလို့ ဗန်းမော်မြို့မရဲစခန်းက (ပ)၂၁၂/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၉၄ နဲ့ အမှုဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်ရာမှာပါဝင်ခဲ့သူ အယ်ကျိုင်း လွှင့်ပစ်ခဲ့တဲ့ သက်သေခံပစ္စည်းတွေကို အောက်တိုဘာ ၃၁ ရက်နေ့မနက် ၄ နာရီမှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ယာဉ်ပေါ်မှာ သိမ်းဆည်းရမိခဲ့ပြီး တုတ်နဲ့တခြားသက်သေခံပစ္စည်းတွေကို မနက် ၇ နာရီမှာ  ဦးအောင်ဇော်မြင့်ဦး ကိုယ်တိုင်လိုက်လံပြသတာကြောင့် လေကြောင်းရုံးအနောက်ဘက် အိမ်သာနားက အမှိုက်ပုံထဲမှာ တွေ့ရှိခဲ့ပြီး တရားစွဲဆိုတင်ပို့နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ ဗန်းမော်မြို့မရဲစခန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။ ကျော်ဇေယျ CJ(ရွှေကူ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024