Homeမြန်မာသတင်း
ကိုဗစ်လူနာအသစ် ၁,၃၃၁ ဦးတွင် ရန်ကုန်တိုင်း ၉၆၈ ဦး၊ ပဲခူးတိုင်းက ၁၁၅ ဦးဖြင့် အများဆုံးတွေ့
ကိုဗစ်လူနာအသစ် ၁,၃၃၁ ဦးတွင် ရန်ကုန်တိုင်း ၉၆၈ ဦး၊ ပဲခူးတိုင်းက ၁၁၅ ဦးဖြင့် အများဆုံးတွေ့
DVB
·
October 30, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၃၃၁ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၉၆၈ ယောက်၊ ပဲခူးတိုင်းက ၁၁၅ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၇ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ လှိုင်သာယာက ၉၂ ယောက်၊ မင်္ဂလာတောင်ညွန့် ၇၁၊ မင်္ဂလာဒုံ ၆၆ ယောက်၊ ကမာရွတ် ၆၅ယောက်၊ စမ်းချောင်းနဲ့ မရမ်းကုန်းက ၅၇ ယောက်စီနဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်း မြို့နယ် ၄၂ မြို့ နယ် ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်း မြို့နယ် ၁၄ ခုမှာ ၁၁၅ ယောက်၊ မန္တလေးတိုင်းမြို့နယ် ၁၆ ခုမှာ ၉၂ ယောက်၊ မကွေးတိုင်းမြို့နယ် ၄ ခုမှာ ၄ ယောက်၊ ရခိုင်ပြည်နယ် မြို့နယ် ၇ ခုမှာ ၃၀ ယောက်၊ ဧရာဝတီတိုင်း မြို့နယ် ၉ ခုမှာ အယောက် ၆၀၊ မွန်ပြည်နယ် မြို့နယ် ၅ ခုမှာ ၇ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၅ ခုမှာ ၁၈ ယောက်၊ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ၂ ယောက်၊ နေပြည်တော် မြို့နယ် ၃ ခုမှာ ၉ ယောက်၊ တနင်္သာရီတိုင်း မြို့နယ် ၄ ခုမှာ ၂၃ ယောက်၊ ချင်ပြည်နယ် ဟားခါး ၁ ယောက်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ ၁ ယောက်၊ ရှမ်းပြည်တောင်ပိုင်း တောင်ပိုင်း ၁ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၆၇ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၅၀,၄၀၃ ယောက်၊ သေဆုံးသူ ၁,၁၉၉ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၃၀,၀၀၇ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၅ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၃ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။