DVB Logo
Home
မြန်မာသတင်း
မွန်တိုင်းရင်းသားများ ဘန်ကောက် မြန်မာသံရုံးရှေ့ ဆန္ဒပြ
DVB
·
July 29, 2013
မွန်တိုင်းရင်းသားများ ဘန်ကောက် မြန်မာသံရုံးရှေ့ ဆန္ဒပြ
Donate to DVB

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် မွန်ပြည်သစ်ပါတီ အခြေစိုက် သုမင်္ဂလံ ကျေးရွာကို အစိုးရတပ်က လာရောက်တိုက်ခိုက်မီးရှို့လိုက်တဲ့အပေါ် ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် မွန်လူမျိုး ၁၀၀ ကျော်က ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ဒီနေ့ မနက်က  ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်သူ နိုင်လ၀ီထွန်းက “အဓိက ဘာကြောင့်ဆန္ဒပြသလဲဆိုတော့ ဘန်ကောက်ရောက် အလုပ်သမားတွေက မွန်သတင်းဌာနကနေ အဲဒီသတင်းကို ဖတ်ရပြီးတော့ ကျနော်တို့ တိုင်းရင်းသားအပေါ် အဲဒီလိုလုပ်တာမျိုး မကောင်းပါဘူး။ ဒါကြောင့်ကျနော်တို့ ဆန္ဒသွားပြတာပါ။ နောက်ပြီးတော့ စစ်ကြောင်းတွေကလည်း မွန်ပြည်သစ်ပါတီ နယ်မြေတ၀ိုက်မှာ သူတို့ အကြောင်းမကြားပဲနဲ့ တက်လာပြီးတော့ ကျေးရွာတွေကို မီးရှို့လိုက်တယ်။ နောက် ကျနော်တို့ မွန်အမျိုးသား အလံကိုလည်း သူတို့က ခေါက်ပြီးတာ့ မီးရှို့လိုက်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တွေကို လွှတ်ပေးဖို့၊  မွန်အလံကို မီးရှို့ဖျက်ဆီးတာကို အရေးယူပေးဖို့၊  ခုလို ပစ်ခတ်မှုမျိုးတွေထပ်မံ  မဖြစ်ပွားစေရေး အစိုးရက တာဝန်ယူဖို့ တောင်းဆိုခဲ့ကြပြီး တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်တာကို အလိုမရှိ စတဲ့  ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

တောင်းဆိုချက်တွေကို မြန်မာသံရုံးတာဝန်ရှိသူတွေကို ပေးအပ်ခဲ့ပေမယ့်  မြန်မာသံရုံးက တစုံတရာ အကြောင်းပြန်ခြင်းမရှိဘူးလို့ ဆန္ဒပြသမားတွေက ပြောပါတယ်။

ဇူလိုင်လ အစောပိုင်းက   တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ချောင်ချိဒေသရှိ မွန်ပြည်သစ်ပါတီ မိသားစုဝင်တွေ နေထိုင်ရာ သုမင်္ဂလံရွာသစ်မှာ  အစိုးရတပ်က ၀င်ရောက် ပစ်ခတ်ခဲ့တာကြောင့် မွန်လက်နက်ကိုင် တပ်သား ၂ ဦး ကျဆုံးခဲ့ရပြီး  တပ်ဖွဲ့ဝင် ၃ ဦးလည်း ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013