သပိတ်ကျင်းမြို့အနီး မြေငလျင်လှုပ်
DVB
·
October 30, 2020
မန္တလေးတိုင်း သပိတ်ကျင်းမြို့မြောက်ဘက်မှာ မနေ့ညက အင်အား ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၉ နာရီ၊ ၂၇ မိနစ်၊ ၂၃ စက္ကန့်အချိန်မှာ သပိတ်ကျင်းမြို့ရဲ့ မြောက်ဘက် ၁၅ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၉၅ ဒီဂရီ၊ အနက် ၃ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။