ကိုဗစ်-၁၉ လူနာသစ် ၁,၄၀၆ ဦးတွင် ရန်ကုန်က ၁,၀၆၈ ဦး၊ အနံ့မရသူ ၁၆၈ ဦး ပါဝင်

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ်  ၁,၄၀၆ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၁,၀၆၈ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၅ နာရီခွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မင်္ဂလာဒုံက ၁၂၇ ယောက်၊ တောင်ဒဂုံက ၈၈ ယောက်၊ အင်းစိန်က ၈၇ ယောက်၊ မြောက်ဥက္ကလာပနဲ့ လှိုင်က အယောက် ၈၀ စီနဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်း မြို့နယ် ၄၃  မြို့ နယ်  ပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်း မြို့နယ် ၁၃ ခုမှာ ၆၃ ယောက်၊ မန္တလေးတိုင်းမြို့နယ် ၁၅ ခုမှာ ၆၉ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၃ ခုမှာ  ၇၁ ယောက်၊ ရခိုင်ပြည်နယ် မြို့နယ် ၉ ခုမှာ ၂၁ ယောက်၊ ဧရာဝတီတိုင်း မြို့နယ် ၈ ခုမှာ ၂၅ ယောက်၊ မွန်ပြည်နယ် မြို့နယ် ၃ ခုမှာ ၅ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၂ ခုမှာ ၉ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၄ ခုမှာ ၆၃ ယောက်၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က ၁ ယောက်၊ တနင်္သာရီတိုင်း မြို့နယ် ၂ ခုမှာ ၂ ယောက်၊ ကချင်ပြည်နယ် မြို့နယ် ၂ ခုမှာ ၂ ယောက်၊ ရှမ်းပြည်နယ် မြို့နယ် ၄ ခုမှာ ၇  ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၁၆၈ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။   မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း  ၄၉,၀၇၂ ယောက်၊ သေဆုံးသူ ၁,၁၇၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၂၈,၆၃၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၄ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၂ ဒသမ ၇ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up