ဝိုင်းမော်မြို့နယ်၌ မသန်စွမ်းမဲဆန္ဒရှင်  ၁၇၀ ကျော် မဲရုံသို့ လာရောက်မဲပေးရန် အခက်ကြုံနေ 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးကြမယ့်  မသန်စွမ်း မဲဆန္ဒရှင် အယောက် ၁၀၀၀ ကျော်ရှိပြီး ဒီအထဲက  ၁၇၇ ယောက်ဟာ မဲရုံသို့ သွားရောက် ဆန္ဒမဲပေးဖို့ အခက်အခဲရှိနေတယ်လို့ ဝိုင်းမော်ဒေသခံ ကချင်ပြည်နယ်မသန်စွမ်းအသင်း ဥက္ကဋ္ဌ  ဦးဂျီဇုန်းဆောင်က ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လက်ရှိ မဲစာရင်းအရ ဝိုင်းမော်မြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့  မသန်စွမ်းဦးရေ ၁၂၄၉ ယောက်ရှိရာမှာ ဝါရှောင်ကျေးရွာက အများဆုံးဖြစ်ပြီး  ၁၆၀ ကျော်ရှိပါတယ်။  ဝိုင်းမော်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ထွန်းက “အများနဲ့စုပေါင်းလုပ်ရတာဖြစ်တဲ့အတွက် မသန်စွမ်း မဲဆန္ဒရှင်တွေကို ကြိုပို့ လုပ်ပေးဖို့ အခက်အခဲရှိနေပြီး ကာယကံရှင်က ကြိုတင်မဲထည့်ဖို့  စာရင်းပေးထားပါက အိမ်တိုင်ရာရာရောက် ဆန္ဒမဲ လိုက်လံကောက်ခံပေးနိုင်တယ်”လို့  ပြောပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့အတူ  မသန်စွမ်း ပြည်သူတွေ မဲပေးပိုင်ခွင့်မဆုံးရှုံးရအောင် ရက်ကွက်ကျေးရွာ ကော်မရှင်ထံအကြောင်းကြားပြီး အောက်တိုဘာ ၂၉ ရက်နဲ့  နို၀င်ဘာ ၅ ရက်ကြား ကြိုတင်မဲလာထည့်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ ဝိုင်းမော်မြို့နယ်မှာ နို၀င်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း  ၈၅၃၀၀ ကျော်ရှိတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံက သိရပါတယ်။ ဇုန်းကျန်း 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up