ဘားအံနှင့် ငါးသိုင်းချောင်းတွင် မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်

သံလွင်မြစ်ရေဟာ ကရင်ပြည်နယ် ဘားအံမြို့မှာ ဒီနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်အရ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁၀၇ စင်တီမီတာ (၃-ပေခွဲခန့်) ကျော်လွန်နေတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ အဆိုပါမြစ်ရေဟာ ဒီနေ့မွန်းတည့်ကနေ နောက် ၄၈ နာရီအတွင်း ၆၀ စင်တီမီတာ (၂-ပေခန့်) ဆက်လက်တက်လာနိုင်ပြီး ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။ င၀န်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ ဒီနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာ ချက်အရ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁၇ စင်တီမီတာ ပေ၀က်လောက် ကျော်လွန်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ မြစ်ရေဟာ ဒီနေ့မွန်းတည့်ကနေ နောက် ၄၈ နာရီအတွင်း ၃၀ စင်တီမီတာ (၁-ပေခန့်) ဆက်လက်တက်လာနိုင်ပြီး မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up