Home
မြန်မာသတင်း
ငွေအတု လိမ်လည်ရောင်းသူ ၂ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး
DVB
·
October 28, 2020
123048908_3705364229516349_7073244821274831240_n
122795639_3705364079516364_5207616699418619973_n
122592487_3705367379516034_7601900931664049261_n
122485010_3705367162849389_8343594232969298137_n
ငွေအတုရောင်းမယ်ဆိုပြီး အွန်လိုင်းက ကြော်ငြာထားသူ ၂ ယောက်ကို ရဲတပ်ဖွဲ့က ဖုန်းနဲ့ဆက်သွယ်ပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ “ငွေအတုသည်” ဆိုတဲ့ အကောင့်က “ငွေအတုဝယ်လိုသော မိတ်ဆွေများ ဆက်သွယ်ရန် ဖုန်းအမှတ် ၀၉- ၆၇၈၅၀၇၅၁၉” လို့ ဖော်ပြထားတာကို အောက်တိုဘာ ၂၂ ရက်မှာ တွေ့ရလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့က ဝယ်ယူအဖြစ် ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအခါမှာ ငွေအစစ်ကို အတု ၆ ဆနှုန်းနဲ့ လဲလှယ်ပေးမှာဖြစ်ပြီး လုံခြုံရေးကြိုး၊ ဗဟိုဘဏ်တံဆိပ်တွေပါသလို မှာချင်ရင် ဖုန်းအမှတ် ၆၇၈၅၀၇၅၁၉ ဆီကို Wave Money နဲ့ ငွေလွှဲပို့ဖို့ ပြောလာတာကြောင့် အောက်တိုဘာ ၂၄ ရက် ညနေမှာ ငွေကျပ် ၁ သိန်းဖိုး ဝယ်မယ်ဆိုပြီး ငွေလွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ ငွေထုတ်ယူတာကို စုံစမ်းစောင့်ကြည့်ခဲ့ပြီး စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ သစ္စာမြိုင်ရပ်ကွက်က ဖုန်းအရောင်းအဝယ်နဲ့ Wave Money လုပ်ငန်းလုပ်ကိုင်တဲ့ဆိုင်ကို စလင်းမြို့နယ် မကျီးကုန်းရွာနေသူတွေဖြစ်တဲ့ ဌေးမြင့်ဦး(ခ)ဖိုးနန်းနဲ့ မင်းမင်းတို့ လာရောက်ထုတ်ယူသွားတာကို သိရှိခဲ့ရပါတယ်။ သူတို့ရဲ့ အိမ်တွေကို ဝင်ရောက်ရှာဖွေရာမှာ Wave Money လက်ခံထားတဲ့ ဖုန်း Message တွေနဲ့ “ငွေအတုသည်” ဖေ့စ်ဘွတ်ခ်အကောင့် အသုံးပြုတဲ့ ဖုန်းအမှတ် ၀၉- ၆၇၈၅ ၀၇၅၁၉၊ ၀၉-၆၈၂၄၇၁၀၈၆၊ ၀၉-၈၈၉၈၇၅၈ ၈၁၊ ၀၉- ၂၅၅၇၅၀၈၂၃ ဆင်းကတ် ၄ ခုပါ ဖုန်း ၃ လုံး၊ ငွေကျပ် ၂၅၀၀၀၊ ဆိုင်ကယ် ၁ စီးတို့နဲ့ အတူ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ဆီမှာ ငွေစက္ကူအတုတွေနဲ့ ဆက်စပ်ပစ္စည်း တစုံတရာမတွေ့ဘဲ အွန်လိုင်းကတဆင့် ငွေတုရောင်းတယ်ဆိုပြီး လိမ်လည်နေတာကို စစ်ဆေးတွေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024