Home
မြန်မာသတင်း
မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၅၂ ဦး ထပ်မံတွေ့ရှိ
DVB
·
October 28, 2020
122907271_2451895225111924_2830529849004096313_o
မကွေးတိုင်းမှာ အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၅၂ ဦး တွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ မင်းဘူးမြို့နယ်က ၂၄ ဦး၊ မြို့သစ်မြို့နယ် ၁၀ ဦး၊ တောင်တွင်းကြီးမြို့နယ် ၉ ဦး၊ အောင်လံမြို့နယ် ၄ ဦး၊ မကွေးမြို့နယ် ၂ ဦး၊ စလင်းမြို့နယ် ၁ ဦး၊ နတ်မောက်မြို့နယ် ၁ ဦးနဲ့ သရက်မြို့နယ်က ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။ လူနာအများစုဟာ ရန်ကုန်တိုင်းဒေသကြီးက ပြန်လာတာဖြစ်ပြီး အသွားအလာကန်သတ်ကာ ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ လူနာတွေကို သက်ဆိုင်တဲ့ မြို့နယ်အလိုက် ကုသပေးမှာဖြစ်ပြီး ထိစပ်ခဲ့တဲ့သူတွေကိုတော့ စုံစမ်းဖော်ထုတ် အသွားလာကန့်သတ်ပြီး ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးမယ်လို့ ဒေါက်တာ ခင်မောင်သန်းက ပြောပါတယ်။ မကွေးတိုင်းမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၂၄ ဦးရှိပြီး ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံကနေဆင်းခွင့်ရရှိသူ ၂၉၃ ဦးရှိတယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။ သတင်း - မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024