ကိုဗစ်-၁၉ ကူးစက်မှု ဗဟိုချက်မဖြစ်ခဲ့တဲ့ သြစတြေးလျ ဗစ်တိုးရီးယားပြည်နယ်မှာ ၇ လကျော် ကာလအတွင်း ပထမဆုံးအကြိမ် အောက်တိုဘာ ၂၇ ရက်က ၄၈ နာရီအတွင်း အသစ်ကူးစက်သူ မရှိခဲ့ပါဘူး။
ဒါကြောင့် ဒုတိယလူဦးရေဦးအများဆုံး ဗစ်တိုးရီးယားပြည်နယ်မှာ အောက်တိုဘာ ၂၈ ရက်ကစလို့ မဲလ်ဘုန်းမြို့က ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပြုသွားမှာပါ။
ကူးစက်သူတွေ လျော့ကျပြီး ဆိုင်တွေ ပြန်ဖွင့်တော့မှာ ဖြစ်ပေမယ့် ဗစ်တိုးရီးယားပြည်နယ်ဟာ နေအိမ်တွင်း လူစုလူဝေး ကန့်သတ်ချက်တွေကိုတော့ အနည်းငယ်ပဲ ဖြေလျှော့ဦးမှာပါ။
နေ့စဉ် တစ်အိမ်ကတစ်အိမ် လည်ပတ်ခွင့်ကို အရွယ်ရောက်ပြီးသူ နှစ်ယောက်နဲ့ မှီခိုတွေကိုသာ ခွင့်ပြုပါတယ်။
သြစတြေးလျနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂၇,၅၀၀ ကျော်သာရှိပြီး တခြားဖွံ့ဖြိုးပြီး နိုင်ငံတွေထက် အများကြီး လျော့နည်းပါတယ်။
တနိုင်ငံလုံး သေဆုံးသူ ၉၀၅ ယောက်ရှိပြီး အဲဒီထဲက ၉၀ ရာခိုင်နှုန်းကျော်ဟာ ဗစ်တိုးရီးယားပြည်နယ်က ဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကြောင့် ထပ်မံသေဆုံးသူမရှိဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။