Thursday, June 8, 2023
HomeLead Storyရွှေလီတွင် ပိတ်လှောင်ခံထားရသည့် မြန်မာအလုပ်သမား ၃၉ ဦး ပြန်လွတ်

ရွှေလီတွင် ပိတ်လှောင်ခံထားရသည့် မြန်မာအလုပ်သမား ၃၉ ဦး ပြန်လွတ်

တရုတ်နိုင်ငံ ရွှေလီမြို့မှာ ပိတ်လှောင်ခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၉ ဦး ပြန်လည်လွတ်မြောက်လာပြီလို့ ပိတ်လှောင်ခံထားရတဲ့ထဲ ပါဝင်တဲ့ မိန်းကလေး နှစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

ရွှေလီမြို့ မနောကွင်းနားအနီး၊ ရေမြောင်းဘေးနားက စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား  ၃၉ ဦးကို အောက်တိုဘာ ၂၆ ရက်နေ့က အလုပ်ရှင်က အခန်းထဲမှာ အစာရေစာနဲ့ လျှပ်စစ်မီးဖြတ်ကာ ပိတ်လှောင်ထားခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီလို ပိတ်လှောင်ခံထားရတဲ့ အခြေအနေ ဗွီဒီယိုဖိုင်ကို လူမှုကွန်ရက်စာမျက်နှာ ပေါ်တင်ခဲ့တဲ့အတွက် တရုတ်ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်အကူအညီရပြီး အောက်တိုလာ ၂၇ ရက်နေ့ ညနေ ၅ နာရီမှာ အားလုံး ပြန်လည်လွတ်မြောက်လာပါတယ်။ 

လက်ရှိမှာ အားလုံးကို စက်ရုံပြောင်းရွှေ့ပေးဖို့ ရွှေလီမြို့ အလုပ်သမားရုံးမှာ ခေတ္တလက်ခံ နေထိုင်ခွင့်ပေးထားတာပြီး ၁၀ ဦးကတော့ ရွှေလီမြို့ထဲမှာရှိတဲ့ နားကြပ်စက်ရုံကို ပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်။ ကျန်တဲ့သူတွေကတော့ အလုပ်ထပ်ရှာပြီး အလုပ်ရမှ ပြောင်းနိုင်မယ်လို့ သိရပါတယ်။

သတင်း – Pra Jaw

RELATED ARTICLES
- Advertisment -
Google search engine

Most Popular