Home
မြန်မာသတင်း
အောင်ဘာလေထီဖွင့်ပွဲအတွက် ထီစာအုပ် ၅ သိန်းခွဲကျော် ရောင်းမကုန်ကျန်နေ
DVB
·
October 27, 2020
82969054_1517613131744386_1211593884606398464_n
လာမယ့် ထီဖွင့်ပွဲအတွက် ထီစာအုပ် ၅ သိန်းခွဲကျော် ရောင်းမကုန်ကျန်နေပြီး ငွေကျပ်သန်းပေါင်း ၁၆၀၀၀ ကျော်ကို ဆုမဲအဖြစ် ဖွင့်ပေးမယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာပါတယ်။ ကျပ် ၁၀၀၀ တန်ထီ ၂၁ ကြိမ်မြောက်အတွက် က အက္ခရာကနေ ကဇ အထိ အက္ခရာ ၄၁ လုံး ထုတ်ဝေခဲ့ရာမှာ ထီစာအုပ် ၂၈ သိန်းလောက် ရောင်ခဲ့ရပြီး ၅၆၇၁၆၉ အုပ် ရောင်းမကုန် ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရောင်းရငွေထဲက ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သန်း ၁၆၇၂၄ ကျော်ကို ဆုငွေအဖြစ် ဖွင့်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမထုတ်ခဲ့တဲ့ ပေါက်မဲတွေထဲက ဘဏ္ဍာသိမ်းရငွေတွေထဲကလည်း ဆုမဲတွေ ဖွင့်ပေးနေပြီး ဆုမဲပေါင်း ၂၂၂၄ အတွက် ကျပ်သိန်း ၂၅၀၀ ဖွင့်ပေးမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024