အစိုးရအဖွဲ့ ၀န်ကြီးဌာန အပြောင်းအလဲ အများအပြားလုပ်
DVB
·
July 26, 2013
သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဟာ ၀န်ကြီး၊ ဒုဝန်ကြီး နေရာ စုစုပေါင်း ၁၆ နေရာကို အသစ်ခန့်တာ၊ နေရာပြောင်းရွှေ့တာ၊ ရာထူးက နုတ်ထွက်စေတာ လုပ်ခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
ဒီအထဲမှာ ၀န်ကြီး ၄ ယောက်ကို ၀န်ကြီးဌာန အချင်းချင်း ပြောင်းလဲတာဝန်ပေးတာ၊ ဒုဝန်ကြီး ၂ ယောက်ကို နုတ်ထွက်ခွင့်ပေးလိုက်တာ၊ ဒုဝန်ကြီး ၄ ယောက် အသစ်ခန့်အပ်တာ၊ ဒုဝန်ကြီး ၅ ယောက်ကို ၀န်ကြီးဌာန ပြောင်းလဲ တာဝန်ပေးတာ လုပ်ခဲ့ပါတယ်။
ထူးခြားချက် တခုအနေနဲ့ ပြည်ထဲရေး ဒုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းကို ပြည်ထဲရေး ဒုဝန်ကြီး သီးသန့် တာဝန်ယူစေပြီး ရဲချုပ်အသစ်အဖြစ် ရဲမှူးချုပ်ဇော်ဝင်းကို ခန့်အပ် တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။
လက်ရှိ ဖြုတ်ပယ်၊ ပြောင်းလဲတာဝန်ပေး၊ အသစ် ခန့်အပ်မှုတွေကို ကြည့်ရင် အစိုးရအဖွဲ့ဝင် အရေအတွက် ပိုများလာတာ တွေ့ရပါတယ်။