Home
သတင်းဓာတ်ပုံ
UDP ဦးကျော်မြင့်အမှု တရားလိုပြ သက်သေ ၅ ဦးကို စစ်ဆေး 
DVB
·
October 26, 2020
IMG_7160
IMG_7113
IMG_7105
IMG_7073
IMG_7060
IMG_7027
IMG_6913
IMG_2095
IMG_2074
ဖျက်သိမ်းခံထားရတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (နှင်းဆီပါတီ) ဥက္ကဋ္ဌ ဦးကျော်မြင့်ရဲ့ အမှုကို  ဒီကနေ့ အောက်တိုဘာ ၂၆ ရက်က  မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးပါတယ်။ ဒီနေ့ ရုံးချိန်းမှာ ဦးကျော်မြင့်ကို အောက်တိုဘာ ၂၃  ရက်နေ့က ထပ်မံစွဲဆိုထားတဲ့ လဝက အက်ဥပဒေ ပုဒ်မ ၁၃ (၁) အတွက်  အမှတ်(၈)  စခန်းမှူးအပါအဝင် တရားလိုပြ သက်သေ ၅  ဦးကို စစ်ဆေးခဲ့ပါသည်။ ဦးကျော်မြင့်ဟာ ၁၉၉၉ ခုနှစ်လောက်က  အကျဉ်းထောင်ပြင်မှာ ဆေးကုသနေစဉ် ထွက်ပြေးခဲ့တဲ့ အမှုနဲ့ဖမ်းဆီးတရားစွဲခံနေရတာဖြစ်ပြီး  သူ့ကို မန္တလေးမြို့ အိုးဘို အကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းထားကာ တရားရုံးထုတ်နေတာလည်း ဖြစ်ပါတယ်။ ဒီနေ့ ရုံးထုတ်မှာ   ဦးကျော်မြင့်ကို ထောက်ခံသူ ၂၀ လောက်ကလည်း  လာရောက်ဝန်းရံခဲ့ကြပါတယ်။ Photo - Kaung Zaw Hein / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024