DVB Logo
Home
မြန်မာသတင်း
ကြေးနီစီမံကိန်း ကော်မရှင်အကြံပြုချက်များ အကောင်ထည်ဖော်မှု ရှင်းလင်း
DVB
·
July 25, 2013
ကြေးနီစီမံကိန်း ကော်မရှင်အကြံပြုချက်များ အကောင်ထည်ဖော်မှု ရှင်းလင်း
Donate to DVB

ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ သတ္တုတွင်း ၀န်ကြီးဌာန တာဝန်ရှိသူတွေက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားချက်တွေကို ရှင်းပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ လက်ပန်းတောင်းတောင် စုံစမ်းရေးကော်မရှင်က တင်သွင်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါ အကြံပြုချက်တွေ အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ထားချက်တွေကို သမ္မတရုံး ၀န်ကြီးဦးလှထွန်းက လာရောက်ရှင်းပြခဲ့တာပါ။

မနေ့က တရုတ် မြန်မာ-၀မ်ဘောင်ကုမ္ပဏီ၊ မြန်မာသတ္တုတွင်းဝန်ကြီးဌာနနဲ့ ဦးပိုင်ကုမ္ပဏီတို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းစာချုပ်ကို ပြင်ဆင်ချုပ်ဆိုခဲ့အပြီး  ရှင်းလင်းတာ ဖြစ်ပါတယ်။

ဒီရှင်းလင်းပွဲမှာ ခေတ်စနစ်နဲ့အညီ တရုတ် ၀မ်ပေါင်ကုမ္ပဏီနဲ့ စာချုပ်ပြန်လည်ချုပ်ဆိုမှုတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေ၊ မြေယာသိမ်းဆည်းမှုတွေ၊ စီမံကိန်းမှာ မပါဝင်ဘဲသိမ်းဆည်းမိထားတဲ့မြေယာများ ပြန်ပေးရေး၊ လျော်ကြေးကိစ္စများ၊ ရှေးဟောင်း ယဉ်ကျေးမှုတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေလည်းရှင်းပြတဲ့အထဲမှာ ပါဝင်တယ်လို့ လွှတ်တော်အမတ် ဦးရဲထွန်းက ပြောပါတယ်။

“မြေတွေဘာတွေဆိုရင် လိုအပ်တဲ့ပမာဏ တိုင်းထွာပြီး သိမ်းမယ်။ အရင်တုန်းက သိမ်းမယ်လို့ ပြောထားတဲ့ မြေတော်တော်များများ ပြန်ပေးမယ်။ ဒါ့အပြင် ဒီအစိုးရအနေနဲ့ မြေလွတ်မြေရိုင်း အသစ်တွေကိုလည်း တတ်နိုင်သမျှရှာဖွေပြီး ဖော်ထုတ်ပေးမယ်။ နောက် ပြောင်းရရွှေ့ရမယ် ဘုန်းကြီးကျောင်းတွေ၊ ရှေ့ဟောင်း စေတီပုထိုးတွေ ရှိတယ်။ အဲဒါမျိုးတွေဆိုရင်လည်း သာသနာရေး ၀ိနည်းနဲ့အညီ ဒေသခံတွေနဲ့ တိုင်ပင်ပြီးတော့ ပွင့်လင်းမြင်သာဖို့ လူထုဆန္ဒသဘောထားတွေကို ယူပြီး ပြောင်းရွှေ့ပေးတာတွေ လုပ်မယ်။ လျော်ကြေးပေးတဲ့နေရာမှာလည်း အခု ခေတ်စနစ်နဲ့အညီ ပေါက်ဈေးနဲ့ မြေယာတွေကို ပြန်ပြီး လျော်ကြေးပေးတာတွေ၊ ပေးနေတာ ဘယ်အဆင့်ရောက်နေပြီဆိုတာ ပြောသွားတယ်။ နောက် သဘာဝ ပတ်ဝန်ကျင်ထိန်းသိမ်းဖို့အတွက် ဆိုရင်လည်း သစ်တောတွေ ပြန်ပြီးတော့ စိုက်တာ၊ ဘေးမဲ့တောတွေထားတာ၊ အဲဒီဒေသမှာ ရှားပါးတိရစ္ဆာန်ဖြစ်တဲ့ ရွှေသမင်တွေကို ကာကွယ်ဖို့ ဘေးမဲ့တောအဖြစ် သတ်မှတ်ဖို့၊ အဲဒီလိုဟာတွေ ပါတယ်။ ဆိုတော့ တရုတ်ကုမ္ပဏီတွေနဲ့လည်း သဘာဝ ပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းဖို့၊ စောင့်ရှောက်ဖို့ ဆိုတာတွေ ပါဝင်တဲ့ စာချုပ် ပြန်ပြီးတော့ ချုပ်ဖို့ အဲဒါတွေကိုလည်း ပြောသွားတယ်။”
ဒါ့အပြင် စီမံကိန်းနဲ့ပတ်သက်ပြီးတော့ ဆန္ဒပြရာမှာလည်း ဥပဒေနဲ့မညီတဲ့ ဆန္ဒပြတာတွေ ရှိနေတဲ့ကြောင်း ထည့်သွင်းပြောဆိုသွားတယ်လို့ ဆိုပါတယ်။
လက်ပန်းတောင်း ကြေးနီတောင် စီမံကိန်းနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့အစီရင်ခံစာပါ အကြံပြုချက်အရ အစိုးရနဲ့ဝမ်ဘောင် ကုမ္ပဏီတို့ စာချုပ်သစ်တွေ ပြန်လည်ချုပ်ဆိုခဲ့ရာမှာ  နိုင်ငံတော်က  စာချုပ်ဟောင်းတုန်းက အကျိုးအမြတ် လေးရာခိုင်နှုန်းသာ ရပေမယ့် အခု စာချုပ်သစ်မှာ ၅၁ ရာခိုင်နှုန်းထိ တိုးမြှင့်ရရှိစေမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013