A d v e r t i s e m e n t With Us

အပူပိုင်းမုန်တိုင်း “ဆာ့ဒယ်(လ်)” အားလျော့သွားပြီး ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း “ဆာ့ဒယ်(လ်)” (Saudel)ဟာ ဒီနေ့မနက်  မြန်မာစံတော်ချိန် ၆ နာရီခွဲအချိန်  တိုင်းထွာချက်အရ အပူပိုင်းမုန်တိုင်းငယ် အဖြစ်သို့ အားလျော့သွားခဲ့ပြီး  ဗီယက်နမ်နိုင်ငံအထက်ပိုင်းကမ်းခြေကို ဖြတ်ကျော်သွားပြီလို့ မိုးဇလဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်ဟာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊  တစ်ဖြည်းဖြည်း အားလျော့သွားမယ်လို့လည်း ခန့်မှန်းထားပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နဲ့   ရခိုင်ပြည်နယ်တို့မှာ  နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ  နေရာ ကွက်ကျား မိုးထစ်ချုန်း ရွာမှာဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး  လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ  ၄ ပေမှ ၇ ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်ကတော့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ခန့်မှန်းပါတယ်။ ဒီနေ့ညနေအထိခန့်မှန်းချက်ကတော့ နေပြည်တော်၊ ရန်ကုန်မြို့နဲ့ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်မှာ  နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ- မိုးဇလ

A d v e r t i s e m e n t With Us

More News
Up