A d v e r t i s e m e n t With Us

ဘုရင့်ဘက်တော်သားများကို ထိုင်းဘုရင် ချီးကျူး

ထိုင်းနိုင်ငံမှာ စည်းမျဉ်းခံ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးနဲ့ ဝန်ကြီးချုပ် နုတ်ထွက်ရေး ဆန္ဒပြပွဲတွေ ၃ လကျော်ဖြစ်ပွားနေချိန်မှာ ဘုရင် ဝဂျီရာလောင်ကွန်းက ဘုရင့်ဘက်တော်သား သစ္စာခံတွေရဲ့ စိတ်အားထက်သန်နိုးကြွမှုကို အောက်တိုဘာ ၂၃ ရက်က ချီးကျူး ပြောဆိုလိုက်ပါတယ်။  ဘုရင်ဟာ အောက်တိုဘာ ၂၃ ရက်က တော်ဝင်နန်းတော်ဆီကိုလာပြီး ချစ်မြတ်နိုးကြောင်း ပြသတဲ့ လူထောင်ချီကို နှုတ်ဆက်ပါတယ်။  အဲ့ဒီနောက် အရင်အပတ်က ဆန္ဒပြပွဲအတွင်း နတ်ရွာစံဘုရင်ကြီး ဘူမိဘော အဒူလျာဒက် ရဲ့ ဓာတ်ပုံကို ကိုင်မြှောက် ဆန္ဒပြတဲ့သူအဖြစ် မိဘုရား ဆုသီဒါက မိတ်ဆက်ပေးတဲ့ အမျိုးသားကို ဘုရင်က ချီးကျူးခဲ့တာပါ။  အဲဒီဆန္ဒပြသူဟာ ဘုရင့်ဘက်သားတွေရဲ့ ချီးကျူးဂုဏ်ပြုမှုကို ရခဲ့ပေမဲ့ ဆန္ဒပြသူ အများစုရဲ့ အထင်သေးတာကို ခံခဲ့ရပါတယ်။  သူ့ကို ဘုရင်က “အင်မတန် ရဲရင့်တယ်၊အင်မတန် ကောင်းတယ်၊ ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့တဲ့ ရုပ်သံဟာ လူမှုကွန်ရက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဝေမျှခံခဲ့ရပါတယ်။  ဘုရင့်ချီးကျူးခံ သိထိဝပ်တာနာငါရွန်ကတော့ ဘုရင်ကို မြင်ရဖို့ မွန်းလွဲ ၂ နာရီကနေ ၉ နာရီ ထိ စောင့်ခဲ့ရပြီး သူ့ဘဝအတွက် အထင်ကရပဲလို့ ပြောပါတယ်။ “ဘုရင်က သူ့လက်နဲ့ ကျနော် ပုခုံးကို ခပ်ဆတ်ဆတ်ပုတ်ပြီး ကျေးဇူးတင်တယ်လို့ ပြောခဲ့တယ်။ အဲ့ဒီတုန်းက ကျနော် ဝတ်ခဲ့တဲ့ အင်္ကျီကို ဘောင်သွင်းပြီး သိမ်းထားမယ်”လို့ သိထိဝပ်က ပြောပါတယ်။  ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံတလွှား အကြီးအကျယ် တုံ့ပြန်မှု ရခဲ့ပါတယ်။  ဒီရုပ်သံကို တွစ်တာလူမှုကွန်ရက်ပေါ်မှာ အကြိမ်ရေ ငါးသိန်းကျော် မျှဝေခဲ့ကြပါတယ်။ တော်ဝင်နန်းတော်နဲ့ အစိုးရပြောခွင့်ရတို့က ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ယဉ်ယဉ်ကျေးကျေး ငြင်းခဲ့ကြပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up