DVB Logo
Home
မြန်မာသတင်း
တပြည်လုံးအတိုင်းအတာဆောင်သည့် တိုင်းရင်းသားညီလာခံတခု ကျင်းပမည်
DVB
·
July 25, 2013
တပြည်လုံးအတိုင်းအတာဆောင်သည့် တိုင်းရင်းသားညီလာခံတခု ကျင်းပမည်
Donate to DVB

တပြည်လုံး အတိုင်းအတာဆောင်တဲ့ တိုင်းရင်းသားညီလာခံတရပ်ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ကမကထ လုပ်ပြီး လာမယ့် ဇူလိုင် ၂၉ ရက်ကနေ ဩဂုတ် ၁ ရက်နေ့အထိ ၄ ရက်တာ ကျင်းပမှာ ဖြစ်ပါတယ်။

[caption id="attachment_41915" align="alignleft" width="300" caption="ပဒိုမန်းမန်း (ဓာတ်ပုံ - ကေအိုင်စီ)"][/caption]

တိုင်းရင်းသားညီလာခံကျင်းပရတဲ့ အဓိကအကြောင်းရင်းနဲ့ပတ်သက်ပြီး ယူအန်အက်ဖ်စီ တွဲဖက်အတွင်းရေးမှူး ၁ ပဒိုမန်းမန်းက “ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တိုင်းရင်းသားတွေ အားလုံး နိုင်ငံရေး ရည်မှန်ချက်ဖြစ်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက် ကျနော်တို့ ဘယ်လို ချီတက်ကြမလဲပေါ့နော်။ ပထမ တချက်က တိုင်းရင်းသား လူမျိုးစုတွေကနေပြီးတော့မှ စည်းရုံးမှု ပိုအားကောင်းလာဖို့ရယ်၊ ဒုတိယ တချက်ကျတော့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တိုင်းရင်းသားတွေအားလုံး ဘုံသဘောတူညီချက်ရပြီဆိုရင် တိုင်းရင်းသား လူမျိုးစု တော်လှန်ရေး အင်အားစု အပါအ၀င် တခြား ဒီမိုကရေစီ အင်အားစုတွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ လုပ်ငန်းဆက်စပ်ဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာဖို့အတွက်ရယ်၊ တဆက်တည်းမှာ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ နိုင်ငံရေး ဆွေးနွေးမှုကို ဘုံသဘောတူညီချက် ဆောင်ရွက်သွားဖို့ရယ်၊ နောက် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားဖို့အတွက်က နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ချမှတ်သွားနိုင်ဖို့ရယ် အဓိက ရည်ရွယ်ချက် ၄ ချက်ပေါ့” လို့ ပြောပါတယ်။

ဒါ့အပြင် တပြည်လုံးအပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဒီညီလာခံအတွင်းမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ ဘုံသဘောတူညီမှုရယူနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

“အလုံးစုံ အပစ်အခတ်ရပ်စဲရေး၊ တပြည်လုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဒီညီလာခံမှာ လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေက ဘုံသဘောတူညီချက် ရယူသွားနိုင်ဖို့ ကျနော်တို့ မျှော်မှန်ထားပါတယ်။ ကျနော်တို့ ယူအန်အက်ဖ်စီအနေနဲ့ကျတော့ အလုံးစုံ အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်သွားမယ်ဆိုရင် နိုင်ငံရေးအတွက် အာမခံချက်ရှိတဲ့ အချက်တွေကတော့ ပါဝင်ရမယ်။ နိုင်ငံရေးအတွက် အာမခံချက် သဘောတူညီချက်မရှိဘဲနဲ့ အပစ်အခတ်ရပ်စဲရေး တခုတည်းက ကျနော်တို့ မဖြစ်နိုင်ဘူးလို့ မြင်တယ်။ ဘာဖြစ်လဲဆိုတော့ အပစ်အခတ်ရပ်စဲရေးတခုပဲ အရှေ့ကို မတိုးနိုင်ဘဲ ရပ်သွားမယ်။ ငြိမ်းချမ်းရေး တခုလုံးစုံ အရှေ့ကို တိုးနိုင်ဖို့ကတော့ အလုံးစုံ အပစ်အခတ်ရပ်စဲ၊ သို့မဟုတ် တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးမယ် ဆိုတဲ့နေရာမှာကလည်းပဲ နိုင်ငံရေး အရ သဘောတူညီချက်ကိုပါ ရယူသွားရမှာ ဖြစ်တယ်။ နောက် တချိန်တည်းမှာက အလုံးစုံ အပစ်အခတ်ရပ်စဲရေး ဖြစ်တဲ့အတွက် တပ်ပိုင်းဆိုင်ရာမှာလည်းပဲ တစုံတရာ သဘောတူညီမှု ရယူသွားရမှာ ဖြစ်တယ်။ အဲဒါမှ သာလျှင် ကျနော်တို့ ရှေ့သွားမယ့် ငြိမ်းချမ်းရေး ခရီးစဉ်ဟာ နောက်ပြန်မလှည့်ပဲ ရှေ့ကို ပိုမိုတိုးတက် အောင်မြင်မှုကို ရောက်သွားမှာ ဖြစ်တယ်။”

ဒီညီလာခံမှာ ယူအန်အက်စီအဖွဲ့ဝင် ၁၁ ဖွဲ့အပါအ၀င် အဖွဲ့ဝင်မဟုတ်တဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေကိုလည်း တက်ရောက်ဖို့ ဖိတ်ခေါ်ထားတယ်လို့ ပြောပါတယ်။

ညီလာခံဟာ အနာဂတ်ဖက်ဒရယ်ဖွဲ့စည်းပုံကို ရေးဆွဲရာမှာ  လိုအပ်တဲ့ အခြေခံမူကိုလည်း ဘုံသဘောတူညီချက်ရရှိစေရေးကိုလည်း ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013