Home
မြန်မာသတင်း
ပုသိမ်တွင် မဲရုံမှူးသင်တန်းတက်ခဲ့သည့် ဆရာမ အပါအဝင် ကိုဗစ်လူနာသစ် ၃ ဦး တွေ့ရှိ
DVB
·
October 25, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အောက်တိုဘာလ ၂၄ ရက်နေ့က ဆေးရုံကြီးမှာ စစ်ဆေးတဲ့အထဲကနေ ကိုဗစ်-၁၉ ရောဂါပိုး ရှိသူ ၃ ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ရောဂါပိုးတွေ့ရှိခဲ့တဲ့ ၃ ဦးထဲမှာ အောက်တိုဘာလ ၂၂ ရက်နေ့က ပုသိမ်မြို့ အ.ထ.က (၆) မှာ မဲရုံးမှူးသင်တန်းတက်ခဲ့တဲ့ ဗိုလ်ကြီးကုန်း မူလတန်းကျောင်းက ဆရာမ ၁ ဦး ပါဝင်တယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။ နောက်ထပ် ၂ ဦးကတော့ ရန်ကုန်ကနေ ပြန်လာပြီး အ.ထ.က (၅) ပုသိမ်မှာ Quarantine ဝင်နေတဲ့ လူနာအမှတ် ၁၄၂ ရဲ့ အဘွားဖြစ်သူနဲ့ ညီမဖြစ်သူတို့ ကူးစက်ခံရတာလို့ ပြောပါတယ်။ မဲရုံမှူးသင်တန်း တက်ရောက်ခဲ့တဲ့ ဆရာမ ရောဂါကူးစက်ခံရတာအတွက် ကျောင်းအုပ်ကြီး အပါဝင် စုစုပေါင်း လူ ၁၂ ဦးကို အသွားအလာကန့်သတ် စောင့်ကြည့်နေပြီး နောက်ထပ်လူတွေကိုတော့ စိစစ်နေတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ဧရာဝတီ) ဒုဥက္ကဋ္ဌ ကိုဇော်ဇော်က ပြောပါတယ်။ ပုသိမ်မြို့မှာ အောက်တိုဘာလ ၂၄ ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆၇ ဦးအထိ ရှိခဲ့ပြီး ၁၅၇ ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024