Monday, June 5, 2023
HomeLead Story“ထရမ့်ဆိုတဲ့ လူကို မဲပေးခဲ့တယ်” - သမ္မတထရမ့်

“ထရမ့်ဆိုတဲ့ လူကို မဲပေးခဲ့တယ်” – သမ္မတထရမ့်

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ “ထရမ့်ဆိုတဲ့လူကို မဲပေးခဲ့တယ်”လို့ ကြိုတင်မဲ ပေးပြီးနောက် သမ္မတ ဒေါ်နယ် ထရမ့်က ပြောခဲ့ပါတယ်။ 

အမေရိကန်သမ္မတရွေးကောက်ပွဲရက်ဟာ နိုဝင်ဘာ ၃ ရက် ဖြစ်ပေမဲ့  အောက်တိုဘာ ၂၄ ရက်မှာ   သမ္မတ ထရမ့်ကိုယ်တိုင် ဖလော်ရီဒါမှာ ကြိုတင်မဲ ထည့်ခဲ့တာပါ။ 

သမ္မတ ထရမ့်ဟာ သူရဲ့အမြဲတမ်းနေရပ် လိပ်စာနဲ့ မဲဆန္ဒရှင်မှတ်ပုံတင်ကို နယူးယောက်ကနေ ဖလော်ရီဒါကို ပြောင်းခဲ့ပြီးနောက်မှာ  သူရဲ့ မာရာလာဂိုအပန်းဖြေအိမ်အနီး West Palm Beach က ကြိုတင်မဲပေးခဲ့တာပါ။

 ဖလော်ရီဒါဟာ သူရဲ့ ဒုတိယသက်တမ်းအတွက် မဖြစ်မနေ အနိုင်ယူရမယ့် မဲဆန္ဒနယ်မြေ ဖြစ်ပါတယ်။

 အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲ မတိုင်မီ  ၁၀ ရက်အလိုမှာ   ကြိုတင်မဲပေးသူပေါင်းက  ၅၃သန်းကျော် နဲ့ စဲချိန်တင်ခဲ့ပါတယ်။ 

ကြိုတင်မဲပေးတာဟာ သမ္မတထရမ့်နဲ့ ဒီမိုကရက်သမ္မတလောင်း ဘိုင်ဒင်တို့ပြိုင်ပွဲအပေါ် စိတ်ဝင်စားမှု မြင့်မားတဲ့ လက္ခဏာဖြစ်သလို ရွေးကောက်ပွဲနေ့မှာ လူစုလူဝေးရှောင်လိုတဲ့ သဘောလည်း  ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular