Home
မြန်မာသတင်း
မော်လမြိုင်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၅၁ ဦးကို ထောင်ဒဏ် ၁ လစီ အမိန့်ချ
DVB
·
October 24, 2020
မွန်ပြည်နယ် မော်လမြိုင်မှာ ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၅၁ ဦးကို အလုပ်မဲ့ ထောင်ဒဏ် ၁ လ အမိန့်ချ အရေးယူထားတယ်လို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောပါတယ်။ စက်တင်ဘာ ၂၅ ရက်နေ့ကနေ အောက်တိုဘာ ၂၂ ရက်နေ့အထိ ညမထွက်ရ အမိန့်ဖောက်ဖျက်သူ ၅၁ ဦးကို အလုပ်မဲ့ ထောင်ဒဏ် ၁ လ အမိန့်ချမှတ်ခဲ့တာပါ။‌ ညမထွက်ရအမိန့် ထုတ်ပြန်ရတာဟာ ကိုဗစ်ကာလမှာ ရောဂါအမြန်ဆုံး ထိန်းချုပ်ချင်လို့ ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ မဖြစ်မနေ လိုက်နာပေးဖို့ လိုတယ်လို့ ဦးဝေလင်းထွန်းက ပြောပါတယ်။ ညမထွက်ရ အမိန့် ဖောက်ဖျက်သူတွေကို ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန် ကြေညားထာတဲ့ အမိန့်ကို ဖီဆန်ခြင်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၈၈ နဲ့ အရေးယူနေတာ ဖြစ်ပါတယ်။ ညမထွက်ရအမိန့်အရ နေ့စဉ် ည ၁၂ နာရီမှ မနက် ၄ နာရီအထိ သတ်မှတ်ထားတဲ့ အချိန်အတွင်း နေအိမ်အပြင်ထွက်ရင် အရေးယူခံရာမှာ ဖြစ်ပါတယ်။ ဒီညမထွက်ရ အမိန့်ဟာ စတင် ထုတ်ပြန်တဲ့နေ့က စပြီး ၂ လတိတိ ဖြစ်တယ်လို့ ဆိုထားပါတယ်။ မွန်ပြည်နယ်မှာတော့  ညမထွက်ရ အမိန့်ကို စက်တင်ဘာ ၂၅ ရက်နေ့ကစပြီး မော်လမြိုင်နဲ့ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်ကိုတော့ စက်တင်ဘာ ၂၉ ရက်နေ့မှာ စတင် ထုတ်ပြန်ထားတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024