A d v e r t i s e m e n t With Us

ကိုဗစ်ဗိုင်းရပ်စ် အေးသည့်အချိန် လျင်မြန်စွာပိုပျံ့ဟု ပြင်သစ်ရောဂါဗေဒ ပညာရှင်သတိပေး

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ နွေရာသီတုန်းကထက် အခုချိန်မှာ ပိုပြီးလျင်လျင်မြန်မြန် ပျံ့နှံ့နေ တယ်လို့ ပြင်သစ်ရောဂါဗေဒပညာရှင်တဦးက အောက်တိုဘာ ၂၃ ရက်မှာ ပြောပါတယ်။  ဥရောပတဝှမ်းမှာ ပြန်ဖြစ်နေတဲ့ ကိုဗစ်ရောဂါ အတိုင်းအဆနဲ့ပတ်သက်လို့ ပညာရှင် အာနော့ ဖန်တာနီက ပြောဆိုလိုက်တာပါ။  ကိုဗစ်ရောဂါဟာ သြဂုတ်လမှာ တကျော့ပြန်ဖြစ်ပြီ  ရောဂါတိုက်ဖျက်ရေးက ရေရှည်တိုက်ပွဲ ဖြစ်မယ်လို့  ရောဂါဗေဒပညာရှင် ဖန်တာနီက BFM TV ကို ပြောဆိုခဲ့ပါတယ်။  ပြင်သစ်ရဲ့ နေ့စဉ်ကူးစက်မှုဟာ ၄၁၀၀၀ ကျော်နဲ့ စံချိန်တင် မြင့်တက်ခဲ့ပြီး စုစုပေါင်း ကူးစက်သူ ၁ သန်းနီးပါး ဖြစ်လာပြီး နောက်တရက်မှာ ဖန်တာနီက ပြောခဲ့တာပါ။  ပြင်သစ်အာဏာပိုင်တွေဟာ ဗိုင်းရပ်စ်ကို ဇွန်လကုန်မှာ ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။   စက်တင်ဘာလထဲ သီတင်းတပတ်လောက် အေးခဲ့ပြီးနောက်မှာ ဥရောပတလွှား အခြေအနေ တွေက ပြန်ပြီး ဆိုးရွားခဲ့တယ်လို့ ဖန်တာနီက ရှင်းပြပါတယ်။  ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ အေးတဲ့အချိန်မှာ ပိုမိုပျံ့နှံ့တယ်လို့လည်း ဖန်တာနီက သတိပေးခဲ့ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up