ဖလမ်းမြို့တွင် ကမ်းပါးယံပြိုကျ (ဓာတ်ပုံ)
DVB
·
October 24, 2020
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မြေထိန်းနံရံအပေါ်ရှိ ကမ်းပါးယံပြိုကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကမ်းပါးပြိုကျရာနေရာကို ဖလမ်းမြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Photo : Myanmar Fire Services Department