Home
မြန်မာသတင်း
ပြန်လွတ်လာသည့် ရှမ်းတပ်ဖွဲ့ဝင်များကို အခမ်းအနားဖြင့် ကြိုဆိုမည်
နန်းမြနဒီ
·
July 24, 2013
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ရဲ့ အဖွဲ့ဝင် ၃၀ ကျော်ကို ဌာနချုပ်မှာ အခမ်းအနားနဲ့ ကြိုဆိုမယ်လို့ အဖွဲ့က ပြောပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၇၃ ဦးကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပြီး ရှမ်းတပ်ဖွဲ့က ၃၀ ကျော် ပါဝင်ပါတယ်။ [caption id="attachment_41874" align="alignright" width="300" caption="မန္တလေး အိုးဘိုထောင်က ပြန်လွတ်လာသူအချို့"][/caption] ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က “သူတို့ကို ကျနော်တို့ တာဝန်ရှိတဲ့ လူတွေက ဆက်သွယ်ပြီးတော့ ဗဟိုကို ပို့ဆောင်သွားမှာ ဖြစ်ပါတယ်၊ ဗဟိုမှာ သူတို့ကို အပန်းဖြေရင်းနဲ့ သူတို့ရဲ့ သဘောအတိုင်း ကျနော်တို့ ဆောင်ရွက်သွားမှာပါ။ သူတို့ကလည်း အဖွဲ့အစည်းထဲမှာ ပြန်လည်ပြီးတော့ တာဝန်ထမ်းဆောင်လို့တယ်။ ဒါမှ မဟုတ်ရင်လည်း အိမ်ပြန်ပြီးတော့ အနားယူမယ်ဆိုရင်လည်း သူတို့ရဲ့ သဘော သူတို့ရဲ့ ဆန္ဒ အတိုင်း ကျနော်တို့ စီစဉ်ဆောင်ရွက်ပေးဖို့ ရှိပါတယ်” လို့ ပြောပါတယ်။ လွတ်မြောက်လာသူတွေထဲက သာယာဝတီထောင်က ၆ ဦးကတော့ မိဘဆွေမျိုးရှိရာ ကချင်ပြည်ကို  အရင်ပြန်မှာဖြစ်တဲ့အတွက် သူတို့ကို ဇူလိုင် ၂၄ ရက်နေ့ ညနေပိုင်း မန္တလေးကို ပို့ဆောင်ပေးဖို့ စီစဉ်နေတယ်လို့  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောပါတယ်။ အကျဉ်းကျခံနေရတဲ့ ရှမ်းပြည်တပ်မတော်အဖွဲ့ဝင် စုစုပေါင်း ၄၂ ဦးအနက် ၃၀ ကျော်   ပြန်လွတ်လာတာဖြစ်ပြီး ကျန်ရှိသူတွေထဲမှာ တပ်မဟာ ၂၄၁ က တပ်မမှူး ဗိုလ်မှူးကြီး ခွန်ကျော် လည်း ပါတယ်လို့ ဆိုပါတယ်။ဗိုလ်မှူးကြီးခွန်ကျော် နဲ့ အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ် ဇန်န၀ါရီလက ရှမ်းပြည် မြောက်ပိုင်းမှာ အစိုးရတပ်ရဲ့ ၀ိုင်းထားတာ ခံခဲ့ရပြီး အင်အားချင်းမမျှလို့ လက်နက်ချရာက နှစ်ရှည်   ထောင်ချခံထားရတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်ရေးအတွက် ကူညီပေးနေတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ထံ အခြားတိုင်းရင်းသားလူမျိုးတွေလည်း အကျဉ်းကျသူတွေရဲ့ စာရင်းတွေ လာတင်ထားတာ ၁၂  ဦး ရှိသွားပြီဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟုတ်မဟုတ် စိစစ်နေတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024