Friday, June 9, 2023
HomeCOVID19ဘင်္ဂလားဒေ့ရှ်ဘက် တရားမဝင်ကုန်ပစ္စည်းတင်ပို့သည့် စက်လှေသမား ၃ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ

ဘင်္ဂလားဒေ့ရှ်ဘက် တရားမဝင်ကုန်ပစ္စည်းတင်ပို့သည့် စက်လှေသမား ၃ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တရားမဝင်ကုန်ပစ္စည်းတင်ပို့တာကြောင့် ဖမ်းမိတဲ့ စက်လှေသမား ၁၅ ဦးအနက် ၃ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ မောင်တော မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးအောင်ရဲက ပြောပါတယ်။

“ဟုတ်ပါတယ်။ ငါးခြောက်တွေနဲ့ဖမ်းတဲ မော်တော်တစ်စီးက ဖမ်းမိတဲ့ မော်တော်ဘုတ်က ၉ ဦးနဲ့ အခြားကုန်တွေနဲ့ဖမ်းနိတဲ့ မော်တော်တစ်စီးက မော်တော်ဘုတ်သမား ၆ ဦးကိုစစ်ဆေးတာ ၃ ဦးမှာ Positive တွေတယ်။ သူတို့ကိုတော့ ဆေးရုံတင်ထားတယ်။”

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ကို တရားမဝင်ကုန်ပစ္စည်း တင်ပို့တဲ့ မော်တော်ဘုတ် ၂ စီးအား အောက်တို့ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ နတ်မြစ်အတွင်း အသီးသီး ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းမိတဲ့ စက်လှေသမား ၁၅ ဦးအား မောင်တောခရိုင်ကျန်မာရေးဦးစီးဌာနက Rapid test kit နဲ့ အောက်တိုဘာ ၂၁ ရက်နေ့က စစ်ဆေးရာမှ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦး တွေ့ရှိခဲ့တာလို့ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ပြောပါတယ်။

မောင်တောမြို့နယ်မှာ အောက်တိုဘာ ၂၁ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ ၂၂၀ ဦးရှိပြီး ဆေးရုံးမှဆင်းခွင့်ရရှိသူက ၁၇၂ ဦးရှိတယ်လို့ မောင်တောမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

သတင်း – လင်းလက်

RELATED ARTICLES
- Advertisment -
Google search engine

Most Popular