Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် အင်တာနက် ၁ လ နှေးမည်
DVB
·
July 24, 2013
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း ဇူလိုင် ၂၂  ရက်နေ့က ချို့ယွင်းသွားလို့ ပြင်ဆင်ချိန် ၁ လအတွင်း အင်တာနက်နှေးမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မနေ့ညနေက ကြေညာချက်ထုတ်ပြန် အသိပေးပါတယ်။ ဒီဆက်ကြောင်းဟာ အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းတွေနဲ့ အဓိက ချိတ်ဆက်ထားတာဖြစ်ပြီး အမြန်ပြန်ပြင်ဖို့ စင်ကာပူအခြေစိုက် ပင်လယ်ရေအောက် ကေဘယ်ပြုပြင် ထိန်းသိမ်းရေးအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ဒီဆက်ကြောင်းကနေ ဝန်ဆောင်မှုပေးထားတဲ့ အင်တာနက်နဲ့ နိုင်ငံရပ်ခြား တယ်လီဖုန်း အဝင်/အထွက် ခေါ်ဆိုမှုတွေကိုတော့ လုံးဝပြတ်တောက်မသွားအောင် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။ လက်ရှိမြန်မာပြည်က အင်တာနက်နဲ့ တယ်လီဖုန်းသုံးစွဲသူတွေဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တခုတည်းအပေါ် မှီခိုနေရတာဖြစ်ပြီး အင်တာနက်အသုံးပြုခက လက်ရှိမှာ ၁ မိနစ်ကို စီဒီအမ်အေဖုန်းက ၄ ကျပ်၊ ဂျီအက်စ်အမ်က ၂ ကျပ် ဖြစ်ပါတယ်။ ဇွန်လက ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ခွင့်အောင်မြင်ခဲ့တဲ့ နော်ဝေအခြေစိုက် Telenor Mobile နဲ့ ကာတာအခြေစိုက် Ooredoo (Qatar Telecom) ကုမ္ပဏီ တို့ကတော့  လုပ်ငန်းစဖို့ ပြင်ဆင်နေဆဲဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024