A d v e r t i s e m e n t With Us

မော်လမြိုင်တွင် ပါတီဝန်းရံသူများ အင်အားပြမဲဆွယ်ခြင်းမလုပ်ရန် မွန်ညီညွတ်ရေးပါတီ တားမြစ်

အောက်တိုဘာ ၁၃ ရက်နေ့က ရေးမြို့နယ်၌ မွန်ညီညွတ်ရေးပါတီ ထောက်ခံသူများ လှည့်လည်အင်အားပြစဉ်
နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home သတ်မှတ်ထားတဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မှာ အင်အားပြ လှည့်လည်မဲဆွယ်တာတွေ မလုပ်ဖို့ မွန်ညီညွတ်ရေးပါတီ မော်လမြိုင်မြို့နယ် အောင်နိုင်ရေးအဖွဲ့က အောက်တိုဘာ ၂၁ ရက်နေ့မှာ စာထုတ်တားမြစ်လိုက်ပါတယ်။ ပါတီအောင်နိုင်ရေးအဖွဲ့ရဲ့ တားမြစ်စာမှာတော့ မွန်ညီညွတ်ရေး ပါတီဝန်းရံသူတွေက မော်လမြိုင်မှာ လှည့်လည်မဲဆွယ်တာတွေလုပ်ဖို့ တောင်းဆိုမှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အောက်တိုဘာ ၂၁ ရက်နေ့ ကျင်းပတဲ့ ပါတီအောင်နိုင်ရေးအဖွဲ့ရဲ့ အစည်းအဝေးအရ ဥပဒေလိုက်နာတဲ့ ရာမညတိုင်းသားတွေ ဖြစ်ဖို့နဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ပြည်သူတွေ စိတ်အနှောင့်ယှက် ဖြစ်နေတဲ့အချိန်မှာ  အင်အားပြလှည့်လည်တာ မပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home သတ်မှတ်ထားတဲ့ မော်လမြိုင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပြည်ခိုင်ဖြိုးရေးတွေက အင်အားပြ လှည့်လည်ခဲ့တဲ့အတွက်ကြောင့် မွန်ညီညွတ်ရေးပါတီ ဝန်းရံသူတွေက လှည့်လည်တာတွေ လုပ်ဖို့ တောင်းဆိုလာတယ်လို့ မွန်ညီညွှတ်ရေးပါတီ အောင်နိုင်ရေးဗဟို တွဲဖက်အတွင်းရေးမှူး နိုင်အောင်မွန်က DVB ကို ပြောပါတယ်။ နိုင်ငံရေးပါတီတွေဟာ နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ လှည့်လည်မဲဆွယ်ခွင့် မရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up