DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story မှုခင်း ဝူဟန် ကိုရိုနာဗိုင်းရပ်စ် သတင်း

ကိုဗစ်-၁၉ စည်းကမ်းမလိုက်နာသဖြင့် စုစုပေါင်း ၁၄,၅၇၇ မှုကို အရေးယူ 

  • By DVB
  • 22 October 2020
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ လိုက်နာနေထိုင်ခြင်းမရှိသူတွေကို သက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ အရေးယူထားတာ  စုစုပေါင်း  ၁၄,၅၇၇ မှု ရှိတယ်လို့  ဒုတိယသမ္မတ ဦးမြင့်ဆွေ ကပြောပါတယ်။

ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီရဲ့ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်နဲ့ အောက်တိုဘာ ၂၁ ရက်မနက်က  နေပြည်တော်မှာ ကျင်းပရာမှာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့တာပါ။

ကိုဗစ်-၁၉  နဲ့ပတ်သက်ပြီး အရေးယူထားတဲ့အမှုတွေရဲ့ အသေးစိတ်ကိုတော့ ဒုသမ္မတက ပြောဆိုခဲ့ခြင်း မရှိပါဘူး။ 

ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်သူတွေထဲက ကိုဗစ်ကာလမှာ  အခက်အခဲရှိလို့ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာသူတွေနဲ့ ပတ်သက်ပြီးလည်း  ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၁၆ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ ထိုင်းနိုင်ငံနယ်စပ်ဂိတ်(၈)ဂိတ်မှ ဝင်ရောက်လာသူ ၈၉,၉၁၀ ဦး၊ တရုတ်နယ်စပ်ဂိတ် (၅) ဂိတ်မှ ဝင်ရောက်လာသူ  ၅၅,၂၄၂ ဦး၊ လာအိုနိုင်ငံ နယ်စပ်ဂိတ် (၁) ဂိတ်မှ ဝင်ရောက်လာသူ ၄၁၇ ဦး၊ စုစုပေါင်း ၁၄၅,၅၆၉ ဦး ရှိတယ်လို့လည်း ဒုသမ္မတက ပြောပါတယ်။ 

၂၀၂၀ ဖေဖော်ဝါရီ ၂ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ လေကြောင်းလိုင်းတွေကနေ ဝင်ရောက်လာသူ မြန်မာနိုင်ငံသား  ၂၂,၆၀၄ ဦးနဲ့ နိုင်ငံခြားသား ၄,၃၄၁ ဦး၊ စုစုပေါင်း ၂၆,၉၄၅ ဦးရှိတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈) ပြည်၊ ဆီ(၅၀) ကျပ်သား၊ ဆား(၅၀)ကျပ်သား၊  ပဲ(၁)ပိဿာ၊ ကြက်သွန်နီ (၁)ပိဿာ၊ စုစုပေါင်းအမယ်(၅)မျိုးကို ၂၀၂၀ ဧပြီ ၁၀ ရက်ကစပြီး အခမဲ့ဖြန့်ဖြူး ထောက်ပံ့ပေခဲ့ရာမှာ ဧပြီ ၁၉ ရက်အထိ အိမ်ထောင်စုပေါင်း  ၄,၀၀၆,၃၀၂ စုအတွက် ရာနှုန်းပြည့် အောင်မြင်စွာဖြန့်ဖြူးပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးကို စတင်စစ်ဆေးတွေ့ရှိခဲ့တဲ့ ၂၀၂၀  မတ် ၂၃  ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ ရောဂါပိုးရှိ/မရှိ ဓာတ်ခွဲ စစ်ဆေးမှု  ၅၃၈,၀၈၆ ဦး ပြုလုပ်ခဲ့ရာမှာ ရောဂါပိုးတွေ့ရှိသူ ၃၈,၅၀၂ ဦး၊ သေဆုံးသူ ၉၄၅ ဦးနဲ့ ရောဂါ ပျောက်ကင်းသူ ၁၈,၁၄၇ ဦး ရှိတယ်လို့လည်း ဒုသမ္မတက ပြောသွားပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးကတော့  တပ်မတော်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနဲ့ ကွာရန်တင်းစင်တာတွေမှာ  ကွာရန်တင်းဝင်ရောက်နေမှုအခြေအနေတွေကို ရှင်းလင်းပြောကြားသွားပါတယ်။

ပထမလှိုင်းကာလမှာ တပ်မတော် ဆေးရုံ/တပ် နေရာ(၆၇) ခုမှာ လူဦးရေ (၂,၂၈၂)ဦးအတွက် Designated Hospital တွေ ပြင်ဆင်ဆောင်ရွက်ထားရှိခဲ့ပြီး ဒုတိယလှိုင်းကာလမှာ ရောဂါပိုးတွေ့ရှိမှု မြင့်မားလာလို့ အရပ်သားလူနာတွေကို ထပ်မံတိုးချဲ့ကုသပေးနိုင်ဖို့ တပ်မတော်ဆေးရုံ/တပ်/နေရာ(၉)ခုမှာ လူဦးရေ  ၂,၆၈၇ ဦးအတွက် Designated Hospital များအဖြစ် တိုးချဲ့ပြင်ဆင်ဆောင်ရွက်ထားခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။ 

ပြည်သူတွေ၊ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေကို ကွာရန်တင်း ထားရှိနိုင်ရေးအတွက် တည်းခိုရေးစခန်၊ စာသင်ကျောင်းနဲ့ တပ်နေရာ ၁၄ ခုမှာ လူဦးရေ ၂,၈၁၀ ဦးအတွက် Facility Quarantine Center တွေ ပြင်ဆင်ဆောင်ရွက်ထားရှိတယ်လို့ ဆိုပါတယ်။

တပ်မတော်အနေနဲ့ ပြည်သူတွေ၊ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ စုစုပေါင်း ၃၈,၆၈၉ ဦးကို ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ဆေးစစ်ဆောင်ရွက်ပေးခဲ့ပြီး တပ်မတော်က ပစ္စည်း ၂၃ မျိုးနဲ့ အောက်စီဂျင်အိုး ၁,၀၀၀ ကျော်အား ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။

ဓာတ်ပုံ- MOI

Tags: ကိုဗစ်-၁၉ စည်းကမ်းမလိုက်နာသူ

  • Previous story ရန်ကုန်မှပြန်လာသူများကို လိုက်ပို့သည့် လူနာတင်ယာဉ် ကျုံမငေးမြို့အဝင်ဂိတ်၌ စစ်ဆေးတွေ့ရှိ
  • Next story ဂီနီရွေးကောက်ပွဲ ကနဦးရလဒ်အပေါ်မကျေနပ်၍ ဆန္ဒပြ၊ ၆ ဦးသေဆုံး
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      Artist လွင်လွင်ကျော်၏ ၈ ကြိမ်မြောက် တကိုယ်တော်ပန်းချီပြပွဲ (ဓာတ်ပုံ)

    • gallery

      ဇေကမ္ဘာ ရှေးဟောင်းပြတိုက် ဖေဖော်ဝါရီ ၁ ရက်ဖွင့်မည် (ဓာတ်ပုံ)

    • gallery

      ရန်ကုန်မြို့အတွင်း တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ပြုရေး လှုပ်ရှားမှုပြုလုပ်

    • gallery

      မုန့်ဖက်ထုပ်ရောင်းပြီး မိသားစု ဝင်ငွေရှာပေးနေတဲ့ ၉ နှစ် ကလေးငယ် (ဓာတ်ပုံ)

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 02 အောင်မင်္ဂလာ ကားဝင်းအတွင်း ကျပ်သိန်း ၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
    • 03 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 04 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 05 အမေရိကန်တွင်  သေဒဏ်ကျခံနေရသည့် အမျိုးသမီး ၁ ဦးကို ကွပ်မျက်
    • 01 မိသားစုထမင်းဝိုင်းထဲက အသံတိတ်ရန်သူ
    • 02 အဆိုတော် လာဇရု ရုတ်တရက်ကွယ်လွန်
    • 03 မက္ကဆီကိုစီးတီးတွင် မြေအောက်ရထားလမ်း မီးလောင်မှုကြောင့် ရထားပြေးဆွဲမှုများ ရပ်ဆိုင်း
    • 04 တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ
    • 05 အကြိုက်ဆုံးကစားသမား ၁၁ ဦး  အိုဇေးလ် ရွေးချယ်
    • 01 အဆိုတော် လာဇရု ရုတ်တရက်ကွယ်လွန်
    • 02 ကိုဗစ်ဆေးဖြန့်ချိရာတွင် ကိုယ်ကျင့်တရားပျက်သုဉ်းမှု ချောက်ကမ်းပါးပေါ်ရောက်နေဟု WHO ပြော
    • 03 ကိုဗစ်ကာလ အခက်အခဲ ကြုံနေရသည့် တံတားဦး ပဲမြစ်တောင်သူများ (ရင်ဖွင့်စာ)
    • 04 အမေရိကန်သွားမည့် ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းလူအုပ်ကို ဂွါတီမာလာတပ်ဖွဲ့ တားဆီး
    • 05 Artist လွင်လွင်ကျော်၏ ၈ ကြိမ်မြောက် တကိုယ်တော်ပန်းချီပြပွဲ (ဓာတ်ပုံ)
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.