မြန်မာသံအဆိုတော် ရန်ပိုင်စိုး ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်
DVB
·
October 21, 2020
ပွဲအခမ်းအနားတွေမှာ အစီအစဉ်တင်ဆက်သူ အခမ်းအနားမှူး တစ်ယောက်အဖြစ်ရော၊ မြန်မာသံအဆိုတော်တစ်ယောက်အဖြစ်ပါ ပရိသတ်တွေသိကြတဲ့ ရန်ပိုင်စိုးဟာ ဒီကနေ့ မနက် ၁၁ နာရီကျော်လောက်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
သူဟာ ကွယ်လွန်ချိန်မှာ အသက် ၇၀ အရွယ် ရှိနေပြီဖြစ်ကာ ဖြတ်သန်းခဲ့တဲ့ သက်တမ်းတလျှောက် မြန်မာဂီတ၊ မြန်မာသံစဉ် သီချင်းတွေကို သီဆိုတဲ့ တေးသံရှင်တယောက်အဖြစ် ထင်ရှားသလို မင်္ဂလာဆောင် အလှူပွဲအခမ်းအနားပေါင်းများစွာမှာ လည်း ဘိသိက်ဆရာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။
ရန်ပိုင်စိုးရဲ့ နာရေးသတင်းနဲ့ ပတ်သက်လို့ လတ်တလောမှာတော့ အနုပညာအ သိုင်းအဝိုင်းကရော၊ ပရိသတ်တွေကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားမျှဝေနေကြပါတယ်။
ဝါရင့်မြန်မာသံအဆိုတော်ကြီး မာမာအေးကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်ကတ ဆင့် ခုလိုရေးသားမျှဝေထားပါတယ်။
“ဒီနေ့စိတ်မချမ်းသာဘူးချစ်သူတို့ရေ… အနှစ်နှစ် အလလ ပညာပေးနေရာပေးခဲ့ရတဲ့ ဂီတသားကြီးတာတူး၊ ရန်ပိုင်စိုးဆိုတဲ့ အနုပညာရှင်လေးတယောက်ဖြစ်အောင် ဘယ် လောက်ကြိုးစားခဲ့ရသလဲ၊ ကျမသားကျမအသိဆုံးပါပဲ… သီချင်းဆိုတယ် သရုပ်ဆောင် တယ်… ဟာသတွေပြော တသောသောနေတဲ့… ဘိသိတ်ဆရာလေး အေးငြိမ်းတဲ့ဘဝ… သူ ရနေကာမှ ကိုဗစ်ရယ်ခေါ်ရက်လေခြင်း”
ဒါရိုက်တာ စင်ရော်မောင်မောင်ကတော့ “အနုပညာလောကမှာ ကြွေလွင့်တဲ့ ကြယ် တပွင့်… အထူးယူကျုုံး မရဖြစ်ရပါသည်… ကောင်းရာသုဂတိ လားပါစေကြောင်း ဆုတောင်းပါသည်”ဆိုပြီး ရန်ပိုင်စိုးရဲ့ ဓာတ်ပုံတပုံနဲ့အတူ မျှဝေထားခဲ့တာကို တွေ့ရပါ တယ်။
အဆိုတော် ဖိုးသောကြာကတော့ “ကျနော်တို့ချစ်ရတဲ့ ဦးလေး ဦးရန်ပိုင်စိုး ၁၁:၁၁ မိနစ်မှာ ကျနော်တို့ကို ခွဲခွာသွားပါပြီ… ဦးလေး ကောင်းရာသုဂတိလားပါစေ”လို့ ရေးသား မျှဝေထားပါတယ်။
Photo : ရန်ပိုင်စိုး မြန်မာမှုတေးဂီတ ဖေ့စ်ဘွတ်ခ်