ချန်ပီယံခြေစွမ်းပြန်ရန် အလွန်ခက်ခဲမည်ဟု ဘိုင်ယန်မြူးနစ်နည်းပြ ဝန်ခံ

မနှစ်ကလို ချန်ပီယံခြေစွမ်းပြန်ရဖို့ အလွန်ခက်ခဲလိမ့်မယ်လို့ ဘိုင်ယန်မြူးနစ်နည်းပြ ဟမ်ဆီဖလစ်ခ်က ဝန်ခံလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ မနှစ်က ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့ပြီး ပြည်တွင်းဆုဖလား ၂ လုံးလည်း ရယူနိုင်ခဲ့တာပါ။  အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ ဖြစ်နိုင်သမျှ အောင်မြင်မှုတွေ ဆက်လက်ရယူသွားချင်ပေမယ့်လည်း မနှစ်ကလို ခြေစွမ်းရဖို့တော့ အလွန်ခက်ခဲနိုင်ကြောင်း၊ အထူးသဖြင့် ချန်ပီယံလိဂ်လိုပြိုင်ပွဲမှာ ပြိုင်ဘက်ကောင်းတွေ အများကြီးရှိတယ်လို့ ဟမ်ဆီဖလစ်ခ်က ပြောပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ မနှစ်က လူစာရင်းထဲကနေ သီယာဂိုအယ်ကန်တာရာ၊ ပါရီဆစ်နဲ့ ကော်တင်ညိုတို့ မရှိတော့ဘဲ ဒေါက်ဂလပ်ကော်စတာ၊ လီရွိုင်းဆာနေးနဲ့ မော့ရိုကာတို့ကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။  လူစာရင်းကလည်း ပြောင်းလဲမှုအနည်းငယ်ရှိပြီး အသင်းတိုင်းမှာတော့ အားသာချက်နဲ့ အားနည်းချက်ကိုယ်စီ ရှိကြတယ်လို့ နည်းပြ ဖလစ်ခ်က သုံးသပ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up