Home
မြန်မာသတင်း
ကွမ်းခြံကုန်းမြို့နယ်၌ လေပြင်းတိုက်၊ လှိုင်းရိုက်ခတ်ပြီး လူနေအိမ်အချို့ ပြိုကျပျက်စီး 
DVB
·
October 21, 2020
122268817_819149578837678_5896163217806770610_n
122193449_819149358837700_7759617484924560392_n
122096585_819149872170982_9112863561375749231_n
122082233_819149818837654_5532214849126737167_n
122029625_819149532171016_4852663818936552161_n
121949416_819149638837672_2493347833723001542_n
121804181_819149712170998_8474443985389735644_n
121775187_819149485504354_4219042232200176306_n
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ခလူးကျေးရွာမှာ အောက်တိုဘာ ၁၉ ရက်ညက  လေပြင်းတိုက်ပြီး လှိုင်းရိုက်ခတ်မှုကြောင့် လူနေအိမ် ၄ လုံးပြိုကျပြီး ၂၇ လုံး ပျက်စီးခဲ့ကာ လူ ၁၀၀ ကျော် လေဘေးဒုက္ခရောက်ခဲ့ပါတယ်။ ပြိုကျပြီး နေထိုင်လို့မရတဲ့ အိမ်ထောင်စု ၅ စုကို နီးစပ်ရာဆွေမျိုးအိမ်တွေကို ပြောင်းရွေ့ ထားပြီး  လတ်တလော မြို့နယ်ကြက်ခြေနီက အိမ်ထောင်စုတစ်စုကို စောင်တစ်ထည်နဲ့ ခြင်ထောင် နှစ်ထည် ထောက်ပံ့ပေးထားပါတယ်။ “မြေသားကပျော့နေပြီး လှိုင်းထပ်ရိုက်ရင် အလုံးလိုက်ပြိုကျနိုင်တဲ့ အနေအထားမို့ မပြောင်း ရွှေ့သေးတဲ့ ကျန်အိမ်ထောင်စုတွေအတွက် အန္တရာယ်ရှိနေတယ်”လို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ တာဝန်ရှိသူက ပြောပါတယ်။ ပျက်စီးခဲ့တဲ့နေရာတွေကို မြို့နယ်ကြက်ခြေနီ၊ We Love Kungyangon အဖွဲ့ဝင်တွေနဲ့အတူ တိုင်းလွှတ်တော်ကိုယ်စားလှယ်လည်း လာရောက်ကြည့်ရှုခဲ့ပါတယ်။ ဒါ့အပြင် ပြောင်းရွှေ့ထားတဲ့ အိမ်ထောင်စုတွေမှာ စားသောက်ရေးအခက်အခဲရှိတဲ့အတွက် We Love Yangon နဲ့ ချိတ်ဆက်ပြီး ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့လည်း We Love Kungyangon တာဝန်ရှိသူကပြောပါတယ်။ တော်ခလူးကျေးရွာက ရန်ကုန်မြစ်ဝထိပ် ပင်လယ်ဘေးမှာရှိပြီး ဒေသခံအများစုက ရေလုပ်ငန်းလုပ်ကိုင်ကြပါတယ်။ သတင်း - လွင်မိုးအောင်၊ ဓာတ်ပုံ - WeLoveKungyangon 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024