A d v e r t i s e m e n t With Us

စေတနာ့ဝန်ထမ်းများကို ဆဲဆိုခဲ့သည့် ကွာရန်တင်းဝင်နေသူ ၁ ဦး အမှုဖွင့်ခံရ

မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာ၊  အထက်တန်းကျောင်းမှာ  ကွာရန်တင်းဝင်နေတဲ့ အမျိုးသားတစ်ဦးက တာဝန်ကျစေတနာ့ဝန်ထမ်းတွေကို ညစ်ညမ်းစွာဆဲဆိုခဲ့တာကြောင့် အရေးယူဖို့ အမှုဖွင့်လှစ်ထားတယ်လို့  မင်းလှရဲစခန်းက သိရပါတယ်။ အောက်တိုဘာ ၁၇ ရက် ည ၈ နာရီလောက်က လျှပ်စစ်မီးပျက်သွားချိန်မှာ သီးခြားခွဲထားတဲ့ သူ့မိန်းမရှိရာ အမျိုးသမီးဆောင်ဘက်သို့  ကွာရန်တင်းဝင်နေတဲ့ ကိုအောင်မျိုးဦး ရောက်ရှိနေကြောင်းတွေ့ရှိပြီး တာဝန်ကျအုပ်ချုပ်ရေးမှူးဦးဝင်းထိန်က မေးမြန်းရာ ညစ်ညမ်းစွာဆဲဆိုတာ၊ ခုံတွေကို ကန်‌တာကြောင့် မင်းလှမြို့နယ် ကိုဗစ်ကော်မတီသို့ အကြောင်းကြား ထားကြောင်း အုပ်ချုပ်ရေးမှူးဦးထွန်းမြင့် က ဆိုပါတယ်။ ခုလိုအုပ်ချုပ်ရေးမှူးက အကြောင်းကြားလာတာကြောင့် အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ချက်အရ ညစ်ညမ်းစွာဆဲဆိုသူကို အောက်တိုဘာ ၁၉ ရက်နေ့မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်လှစ်ထားကြောင်း မင်းလှမြို့ ကိုဗစ်-၁၉ ကော်မတီကနေ  သိရပါတယ်။ အဆိုပါ အမျိုးသားကို ကွာရန်တင်း ရက်ပြည့်လို့ ထွက်လာရင် အရေးယူဆောင်ရွက်သွားမယ်လို့  မင်းလှရဲစခန်းမှူး ဒုရဲမှူးလင်းလင်းက ပြောပါတယ်။ သတင်း- သက်နိုင်ဝင်း(CJ)

A d v e r t i s e m e n t With Us

More News
Up