A d v e r t i s e m e n t With Us

မြင်းခြံခရိုင်တွင် ရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၉၆၀ ပြင်ဆင်

မြင်းခြံခရိုင်မှာ ဆန္ဒမဲပေးနိုင်တဲ့ လူဦးရေ ၆၉၀,၀၀၀ ကျော်ရှိပြီး  အဲ့ဒီအတွက် မဲရုံပေါင်း ၉၆၀ ဖွင့်လှစ်ဖို့ ပြင်ဆင်ထားတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။  မဲရုံပေါင်း ၉၆၀ အတွက် တာဝန်ထမ်းဆောင်မယ့်သူ ၁၀၇၀၀ ကျော်ရှိပြီး မဲရုံပြင်ပမှာ တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းဦးရေကို မဲရုံတစ်ရုံမှာ ၅ ဦးနှုန်း သတ်မှတ်ထားတယ်လို့  ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်က ပြောပါတယ်။  မဲရုံပြင်ပမှာ အပူချိန်တိုင်းမယ့်သူ ၅၄၀ ဦး၊ လက်ကိုစနစ်တကျဆေးတာနဲ့ နှာခေါင်းစည်း Mask ပေးဖို့အတွက် ၆၆၄ ဦး၊ လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာနေဖို့၊ စနစ်တကျတန်းဆီဖို့အတွက် လူဦးရေ ၉၆၀ အသုံးပြုသွားမယ်လို့ သိရပါတယ်။  မြင်းခြံခရိုင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုး ဆောင်ပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အရေအတွက်ကတော့ စုစုပေါင်း ၅၁ ဦး ရှိတယ်လို့ သိရပါတယ်။  သတင်း - အဂ္ဂဖြိုး

A d v e r t i s e m e n t With Us

More News
Up