Home
မြန်မာသတင်း
မွန်ပြည်သစ်ပါတီတပ်သား ၂ ဦးကို ပြန်လွှတ်ပေးရန် တောင်းဆို
နန်းမြနဒီ
·
July 23, 2013
ပြီးခဲ့တဲ့သီတင်းပတ်က အစိုးရတပ်နဲ့ မွန်ပြည်သစ်ပါတီကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရတပ်ဘက်က  ဖမ်းဆီးခေါ်ဆောင်သွားတဲ့  အဖွဲ့ဝင် ၂ ဦးကို ပြန်လွှတ်ပေးဖို့ မွန်ပြည်သစ်ပါတီက တောင်းဆိုလိုက်ပါတယ်။ [caption id="attachment_41657" align="alignright" width="300" caption="စစ်ရေးပြအခမ်းအနားတခုတွင် တွေ့ရသည့် မွန်ပြည်သစ်ရဲဘော်များ"][/caption] မွန်ပြည်နယ်မှာ အခြေစိုက်တဲ့ အစိုးရတပ် ခမရ ၅၈၁ စစ်ကြောင်းက ဖမ်းဆီးသွားတဲ့ တပ်သား နိုင်အောင်ထွန်းနဲ့ ဇနီးဖြစ်သူ မချိုတို့ကို ပြန်လွှတ်ပေးဖို့ စာနဲ့ရော ဖုန်းနဲ့ပါ ဆက်သွယ် ညှိနှိုင်းနေပေမယ့် အခုထိ ပြန်မလွှတ်ပေးသေးဘူးလို့ မွန်ပြည်သစ်ပါတီ ဖွံ့ဖြိုးရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး နိုင်အဲမ်စိုက်ချမ်းက ပြောပါတယ်။ “ကျနော်တို့ဘက်လည်း စိုးရိမ်ပါတယ်။ ၁၇ ညနေလောက် ကျနော်တို့ တိုက်ရိုက် အကြောင်းကြားခဲ့တယ်။ အကြောင်းပြန်ချက် ဘာမှတော့ မရှိသေးဘူး။ သူတို့ နားလည်မှု လွဲနေတဲ့ ပုံစံကို ကျနော်တို့ အထပ်ထပ် ပြန်ပြီးတော့ စာအထောက်အထားနဲ့ ဘာနဲ့ ညှိနှိုင်းဆဲပေါ့။ အခု ဆက်ဆံရေးကနေတဆင့် တနင်္သရီတိုင်း စစ်ဌာနချုပ် အစိုးရဘက်ကိုတော့ ကျနော်တို့ကတော့ အဆက်အသွယ်တော့ လုပ်နေတာပေါ့။ ဒီမြို့တွင်း အဖွဲ့အစည်းအနေနဲ့ ဒီမော်လမြို့ရုံးကျတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီတို့နဲ့တော့ အဆက်အသွယ် ယူပြီးတော့ အဲဒီမှာ ညှိနှိုင်းနေတုန်းပဲ။” သူတို့ ၂ ဦးကို ညှဉ်းပန်းနှိပ်စက် စစ်ဆေးမေးမြန်းတဲ့သတင်း မကြားမိပေမယ့်လည်း အပစ်အခတ်ရပ် လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးဖို့ ဦးတည်နေတဲ့ကာလမှာ အခုလို ပစ် ခတ်မှုနဲ့ ဖမ်းဆီးမှုတွေ မဖြစ်သင့်ဘူးလို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။ တနင်္သာရီတိုင်း  ဘုတ်ပြင်းမြို့နယ် သုမင်္ဂလံရွာမှာ အခြေစိုက်တဲ့ မွန်ပြည်သစ်ပါတီ စခန်းတခုကို အစိုးရတပ်က ဇူလိုင် ၁၆ ရက်နေ့က ၀င်တိုက်အပြီး ၂ ဘက်ပစ်ခတ်မှု ဖြစ်ပွားရာမှာ မွန်ပြည်သစ်ပါတီက ကင်းစောင့်ရဲဘော် ၂ ဦး  သေဆုံးပြီး  အစိုးရတပ်ဘက်က ၁ ဦး ကျဆုံးခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာ အစိုးရတပ်ဘက်က သူတို့တပ်ကို မွန်လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ဟံသာဝတီထူထောင်ရေးပါတီအဖွဲ့ဝင်တွေ ထင်ပြီး မှားယွင်းပစ်ခတ် ဖြစ်ကြောင်း အကြောင်း ပြန်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အစိုးရတပ်တွေကတော့ မွန်ပြည်သစ်ပါတီ စခန်းအနီးတ၀ိုက်မှာ နေရာယူထားတုန်းပဲလို့ နိုင်အဲမ်စိုက်ချမ်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024