Monday, June 5, 2023
HomeLead Storyနိုင်ငံကာကွယ်ရေး ကိုယ့်ကိုယ်ကိုယ် အားကိုးမည်၊ လက်နက်များဝယ်ရန်မလိုဟု အီရန်ပြော

နိုင်ငံကာကွယ်ရေး ကိုယ့်ကိုယ်ကိုယ် အားကိုးမည်၊ လက်နက်များဝယ်ရန်မလိုဟု အီရန်ပြော

အီရန်ဟာ ကိုယ့်နိုင်ငံကာကွယ်ရေးအတွက် ကိုယ့်ကိုယ်ကိုပဲ အားကိုးပြီး လက်နက်တွေ စိတ်လွတ်ကိုယ်လွတ်ဝယ်ဖို့ မလိုဘူးလို့ ပြောလိုက်ပါတယ်။

အီရန်ရဲ့ ကာကွယ်ရေးတရားဟာ ပြည်သူတွေနဲ့ တိုင်းရင်းသားတွေရဲ့ စွမ်းဆောင်နိုင်ရည်ပေါ်မှာ ခိုင်ခိုင်မြဲမြဲ မှီခိုထားပြီ သမားရိုးကျမဟုတ်တဲ့ လက်နက်တွေ၊ အစုလိုက် အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ လက်နက်တွေနဲ့ သမားရိုးကျလက်နက်တွေကို ထင်သလို ဝယ်တဲ့ ကိစ္စတွေအတွက် အီရန်ကာကွယ်ရေးတရားထဲမှာ နေရာမရှိဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

၂၀၀၇ တုန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အီရန်အပေါ် ချမှတ်ထားတဲ့ လက်နက်ကုန်ကူးမှု တားမြစ်မိန့်ဟာ အောက်တိုဘာ ၁၈ ရက်က သက်တမ်းကုန်ပါတယ်။

စီးပွားရေး ဒဏ်ခတ်မှု သက်သာခွင့်အတွက် နျူကလီးယားလက်နက် တီထွင်မှု ဟန့်တားရေး အီရန်နဲ့ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ရုရှား၊ တရုတ်၊ ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်နဲ့ အမေရိကန်တို့ကြား ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန်က ၂၀၁၈ မှာ တဖက်သတ် နုတ်ထွက်ခဲ့ပါတယ်။ အဲဒီနောက် အီရန်နဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေတာပါ။

အီရန်ဟာ လက်နက်အများအပြား တင်သွင်းမှု တားမြစ်ပိတ်ပင်ခံထားရတဲ့ နိုင်ငံတကာ ဒဏ်ခတ်မှုနဲ့ တားမြစ်မိန့်တွေကြောင့် ပြည်တွင်းလက်နက်စက်ရုံကြီးတရုံကို တိုးတက်အောင် ဆောင်ရွက်ခဲ့ပါတယ်။

အီရန်ရဲ့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို စိုးရိမ်နေပေမဲ့ အီရန်ဟာ သူ့လက်နက်တွေရဲ့ အစွမ်းအစကို မကြာခဏ ချဲ့ကားလေ့ရှိတယ်လို့ အနောက်ဥရောပစစ်ဘက် အကဲခတ်တွေက ပြောကြပါတယ်။  

RELATED ARTICLES
- Advertisment -
Google search engine

Most Popular