Sunday, May 28, 2023
HomeLead Story မန်ယူနှင့်အာဆင်နယ်တိုက်စစ်မှူးဟောင်း ဝဲလ်ဘက်ကို ဘရိုက်တန်အသင်း ခေါ်ယူ

 မန်ယူနှင့်အာဆင်နယ်တိုက်စစ်မှူးဟောင်း ဝဲလ်ဘက်ကို ဘရိုက်တန်အသင်း ခေါ်ယူ

မန်ယူနဲ့အာဆင်နယ်တိုက်စစ်မှူးဟောင်း ဒယ်နီဝဲဘ်ဘက်ကို  ဘရိုက်တန်အသင်းက တစ်နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ဝက်ဖို့ဒ်အသင်းမှာ ကစားခဲ့တဲ့ ဝဲလ်ဘက်ဟာ ပရီးမီးယား လိဂ်ဂိုး  ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ 

ဝက်ဖို့ဒ်နဲ့ ၂ ဦး သဘောတူစာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဝဲလ်ဘက်ဟာ ဘရိုက်တန်အသင်းကို တစ်ရာသီစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ 

ဝဲလ်ဘက်ကို ခေါ်ယူနိုင်ခဲ့လို့ ကျေနပ်မိကြောင်း၊ လျင်မြန်ပြီး နည်းစနစ်ပိုင်းဆိုင်ရာ ကောင်းမွန်တဲ့ ဝဲလ်ဘက်ဟာ အသင်းတိုက်စစ်ပိုင်းအတွက် ရွေးချယ်စရာတခု ဖြစ်လာလိမ့်မယ်လို့ ဘရိုက်တန်အသင်းနည်းပြ ဂရေဟမ်ပေါ့တာက ပြောပါတယ်။

 အသက် ၂၉ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးဝဲလ်ဘက်ဟာ အင်္ဂလန်အတွက် ၄၂ ပွဲအထိ ပါဝင် ကစားပေးခဲ့သူဖြစ်ပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular