မိုးကုတ်တွင် နင်းကြမ်းပြိုကျမှုကြောင့် တွင်းလုပ်သား ၁ ဦးသေဆုံး၊ ၁ ဦး ပိတ်မိ
DVB
·
October 18, 2020
မိုးကုတ်မြို့၊ ကျောက်ဆောင်ကျေးရွာ၊ ဘုရားလေးလုပ်ကွက် အမှတ် ၂ မှာ အောက်တိုဘာ ၁၇ ရက်နေ့က ကျောက်တူးနေတုန်း နင်းကြမ်းပြိုကျတာကြောင့် တွင်းလုပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ပိတ်မိနေတယ်လို့ သိရပါတယ်။
တွင်းထဲကို အတက်အဆင်းလုပ်တဲ့ နင်းကြမ်းပြိုကျပြီး ပေ ၅၀၀ ဝန်းကျင်လောက်နက်တဲ့ တွင်းထဲပြုတ်ကျသွားတာဖြစ်ပြီး သေဆုံးသူ ၁ ဦးကို အောက်တိုဘာ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ မိုးကုတ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ချောင်းကြီးကျေးရွာနဲ မာနားရွာကြားက တောင်အောက်ဆင်းတဲ့ လျှိုအတွင်း ကျောက်ဆင်းတူးတာဖြစ်ပြီး တွင်းပြိုကျမှုဖြစ်ရာနေရာကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ ရပ်မိရပ်ဖတွေ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများကနေ ရှာဖွေကယ်ဆယ်မှုတွေ လုပ်ဆောင်နေတယ်လို့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့မိုးကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
တွင်းထဲပိတ်မိနေတဲ့ ၁ ဦးကို ရှာဖွေကယ်ဆယ်နေတယ်လို့လည်း သိရပါတယ်။
သတင်း- ဟန်နာထက်အောင်