Thursday, June 8, 2023
HomeLead Storyတရားမဝင် ခိုးဝင်လာသည့် မြန်မာ ၁၂ ဦး မဲဆောက်တွင် ဖမ်းမိ

တရားမဝင် ခိုးဝင်လာသည့် မြန်မာ ၁၂ ဦး မဲဆောက်တွင် ဖမ်းမိ

ကိုဗစ်-၁၉ ရောဂါကြောင့် လုံခြုံရေးတင်းကျပ်ထားတဲ့ မြဝတီ-မဲဆောက်နယ်စပ် မဲဆောက်မြို့ဘက် ခိုးဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂ ဦး ဖမ်းမိတယ်လို့ သိရပါတယ်။

မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့နယ်စပ်မှာ ထိုင်း လ.ဝ.က အပါအဝင် ပူးပေါင်းအဖွဲ့က ကင်းလှည့်နေစဉ် တရားမဝင် ခိုးဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂ ဦးကို အောက်တိုဘာ ၁၇ ရက်နေ့ ညပိုင်းမှာ ဖမ်းဆီးမိခဲ့တာာလို့ သိရပါတယ်။

ခိုးဝင်လာသူ ၁၂ ဦးကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့ကို အပ်ပြီး တရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။

မြဝတီမြို့ တဘက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်း ရွှေ့ပြောင်းမြန်မာ နှစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့ပြီး ထိတွေ့သူ ၉ ဦးကို စစ်ဆေးချက်အရ ၃ ဦးမှာ အောက်တိုဘာ ၁၇ ရက်နေ့က ပိုးတွေ့ရှိခဲ့ပြီးနောက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ကို ယာယီပိတ်သွားမယ်လို့ တပ်ခ်ခရိုင်မှူးက ပြောကြားထားပါတယ်။

ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦးတွေ့ရှိခဲ့တဲ့ မဲဆောက်မြို့ ထုံထောက် ရပ်ကွက်ကို အသွားအလာကန့်သတ်ထားသလို စာသင်ကျောင်း ၅ ကျောင်းကိုလည်း ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကလည်း မြန်မာဘက်ခြမ်းကနေ ဝင်လာတဲ့ ကုန်တင်ကားပေါ်က မြန်မာ ၂ ဦးထံမှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရတာကို တွေ့ရှိပြီးတဲ့နောက် ထိုင်းဘက်ခြမ်းက ပြည်သူတွေဟာ မြန်မာဘက်ကနေ လူရော ကုန်တင်ကားပါ အဝင်မခံဖို့ အမှတ်-၂ ချစ်ကြည်ရေး တံတားကို ပိတ်ပေးဖို့ ဆန္ဒပြခဲ့ကြပါသေးတယ်။ 

သတင်း – ဖိုးစီ

RELATED ARTICLES
- Advertisment -
Google search engine

Most Popular