Home
အနုပညာ
လေးဖြူ သီဆိုပြီး ဒေါင်း သရုပ်ဆောင်ထားသည့် “ဆန္ဒမဲပေးကြမည်”သီချင်း(ရုပ်သံ)
DVB
·
October 18, 2020
“ကိုယ့်အခွင့်အရေးတစ်ခုထက်ကို… ပိုမိုလို့မကပြီ… နိုင်ငံသားတယောက်ချင်းရဲ့ တာဝန်ကိုယ်စီ… အသိစိတ်နဲ့ လာအတူတူသွားရင်း… ဆန္ဒမဲပေး… ပေးကြမည်… တို့ အနာဂတ် တို့အတွက်ဆို ကိုယ်တိုင်ပဲရွေးမည်…ညီညာဝိုင်းဝန်းကြစို့ အချိန်မီ… အို အိုး အို အိုး အိုး… ဆန္ဒမဲပေး ပေးရမည်” ဒါကတော့ လာမယ့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် ရည်ရွယ်သီဆိုထားခဲ့တဲ့ သီချင်းတပုဒ်ဖြစ်ပြီး သရုပ်ဆောင် ဒေါင်းရဲ့ ပါဝင်သရုပ်ဆောင်မှုနဲ့ ထွက်ရှိလာခဲ့တာပါ။ “ဆန္ဒမဲပေးကြမည်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ပြည့်ဖြိုးအောင်၊ မျိုးဆွေသန်းနဲ့ လေးဖြူတို့က အတူရေးစပ်ထားခဲ့ကြတာဖြစ်ပြီး လေးဖြူက သီဆိုထားခဲ့တာ ဖြစ်ပါတယ်။ “မင်း နေခဲ့မှာလား… နင် နေခဲ့ဦးမလား… တို့တိုင်းရင်းသားညီနောင် မောင်နှမ များတို့ တွဲ တွဲလက်ညီ… အေးချမ်းတဲ့နိုင်ငံတော်… ငြိမ်းချမ်းတဲ့ပြည်ထောင်စု… အမြဲတမ်း မျှော်ရည်မှန်းဦးတည်… တို့အနာဂတ်နိုင်ငံတော်သစ်ဖို့… ဆန္ဒမဲပေး… ပေးကြမည်” “ဆန္ဒမဲပေးကြမည်”သီချင်းနဲ့ ပတ်သက်ပြီး ဒီသီချင်းဟာ လူတဦးတစ်ယောက်၊ ဘယ်ပါတီ အသင်းအဖွဲ့ တဖွဲ့အတွက်ရယ်လို့မဟုတ်ပဲ နိုင်ငံသားအားလုံးအတွက် ရည်ရွယ်တာဖြစ်ကြောင်း ဖန်တီးရာမှာ ပါဝင်တဲ့ မျိုးဆွေသန်းက သူ့ရဲ့ ဖေ့စ် ဘွတ်ခ်ပေါ်ကတဆင့် ခုလိုရေးသားထားခဲ့တာကို တွေ့ရပါတယ်။ “မိတ်ဆွေများ ရောဂါကပ်ဆိုးမှ ကျော်လွှားလွတ်မြောက်နိုင်ပါစေလို့ အရင်ဆန္ဒပြုပါတယ်။ နိုင်ငံမှာ ကိုဗစ် နိုင်တင်းရောဂါကို ရင်ဆိုင်တွန်းလှန်နေကြရချိန်မှာပဲ နိုင်ငံကို ဦးဆောင်မယ့် အစိုးရကို ရွေးချယ် တင်မြှောက်ပေးကြရမယ့် အချိန်ကာလကလည်း ဆိုက် ရောက်လာခဲ့ပါတယ်။ ကမ္ဘာတဝှမ်းလုံးလည်း ဒီအတိုင်းပဲ နိုင်ငံများစွာ တညီတည်း ဒီအ ဖြစ်နဲ့ ကြုံတွေ့နေရပါတယ်။ ဒီတော့ ကျနော်တို့လည်း ရွေးကောက်တင်မြှောက်ပွဲကို ဆန္ဒ မဲပေးကြရပါမယ်။ ဒီ့အတွက် ဆန္ဒမဲပေးကြမည်ဆိုတဲ့ သီချင်းလေးကို ဦးလေးဖြူက သီဆို ပေးထားပါတယ်။ ဘယ်ပါတီကိုမဆို ဆန္ဒမဲ ပေးနိုင်ပါတယ်။ လူတဦးတစ်ယောက်၊ ဘယ် ပါတီ အသင်းအဖွဲ့ တဖွဲ့အတွက်လို့ မဟုတ်မူပဲ၊ နိုင်ငံသားအားလုံးအတွက် ရည်ရွယ်ရင်း ဖြစ်ပါတယ်။” လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ လတ်တလောကာလဟာ ကမ္ဘာနိုင်ငံတွေနည်းတူ မြန်မာနိုင်ငံကလည်း ကိုဗစ်-၁၉ ကပ်ဘေးဒဏ်ကို ရင်ဆိုင်နေကြရဆဲ ဖြစ်နေတာမို့ ဒါကလည်း အရေးကြီးတဲ့ အခြေအနေတရပ် ဖြစ်လို့နေပါတယ်။ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ နယ်မြေတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လွတ်လပ်ပြီး တရားမျှတဲ့ရွေးကောက်ပွဲကျင်းပဖို့  အခြေအနေမရှိလို့ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေတွေထဲမှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းက ကျေးရွာအုပ်စုတချို့ ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည် ပြုလူနာစုစုပေါင်း ၃၄၈၇၅ ယောက်၊ သေဆုံးသူ ၈၃၈  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၆၃၇၀ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024