
Lead Story နိုင်ငံတကာ နိုင်ငံရေး သတင်း
ပါကစ္စတန်ဝန်ကြီးချုပ် ဖြုတ်ချရေး ဆန္ဒပြပွဲ နိုင်ငံတဝန်းကျင်းပ
Email This Story :
ပါကစ္စတန်ဝန်ကြီးချုပ် အမ်မရန်ခန်းအစိုးရ ဖြုတ်ချရေး ဆန္ဒပြပွဲတွေကို အောက်တိုဘာ ၁၆ ရက်က နိုင်ငံတဝှမ်း ကျင်းပခဲ့ပါတယ်။
ပြီးခဲ့တဲ့လမှာ ပါကစ္စတန် အဓိကအတိုက်အခံပါတီကြီး ၉ ခုပေါင်းပြီး ပါကစ္စတန် ဒီမိုကရက်တစ်လှုပ်ရှားမှု(PDM) ဆိုတဲ့ နိုင်ငံတဝှမ်း အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှုကြီးကို စတင်ခဲ့ ပါတယ်။
အတိုက်အခံတွေက အမ်မရန်ခန်းအစိုးရဟာ ၂၀၁၈ ရွေးကောက်ပွဲကို မသမာလုပ်ပြီး စစ်တပ်က တင်ပေးခဲ့တဲ့ အစိုးရဆိုပြီး စွပ်စွဲကြပါတယ်။
အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုတဲ့ ရပ်တည်ချက်နဲ့ အာဏာရလာတဲ့ ဝန်ကြီးချုပ် ခန်းက စစ်တပ် ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။
အတိုက်အခံခေါင်းဆောင်တွေအပေါ် စွဲဆိုထားတဲ့ အကျင့်ခြစားမှုတွေကို ရုပ်သိမ်းပေးဖို့ ရည်ရွယ်တဲ့ လှုပ်ရှားမှုကို သူ မကြောက်ဘူးလို့လည်း ဝန်ကြီးချုပ်ခန်းက ဆိုပါတယ်။
ပါကစ္စတန်အတိုက်အခံလှုပ်ရှားမှုမှာ ဝန်ကြီးချုပ်ဟောင်း နဝပ်ရှရစ်ဖ်ရဲ့သမီးနဲ့ နိုင်ငံရေး အမွေဆက်ခံသူ မာရီယမ်နဝပ်၊ နောက်ပြီး လုပ်ကြံခံရတဲ့ ဝန်ကြီးချုပ်ဟောင်း ဘနက်ဇာဘူတိုရဲ့ သားဖြစ်သူ ဘီလာဝါဘူတို့တို့လည်း ပါဝင်တယ်လို့ ရိုက်တာက တင်ပြပါတယ်။