Home
သတင်းဓာတ်ပုံ
မန္တလေးမြို့ခံ ၁ ဦး နေအိမ်နံရံပေါ် ဒေါ်အောင်ဆန်းစုကြည်၏ပုံတူ ဂရပ်ဖစ်တီ ရေးဆွဲ (ဓာတ်ပုံ) 
DVB
·
October 16, 2020
121575314_2801508193439555_1607318638772291376_o
121656990_2801508080106233_3975735373544479043_o
121575314_2801508193439555_1607318638772291376_o
121574354_2801508140106227_1393342021859077078_o
121491049_2801508236772884_1731176862188150972_o
121335224_2801508280106213_4977683439366809367_o
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်ရှိ အန်အယ်ဒီ ထောက်ခံသူတစ်ဦးရဲ့ နေအိမ်နံရံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို  အောက်တိုဘာ ၁၅ ရက်က လူငယ်ဂရပ်ဖစ်တီပညာရှင် MC Prince က ရေးဆွဲခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို လေးစားတဲ့အနေနဲ့ရော အန်အယ်လ်ဒီကို  အားပေးထောက်ခံတဲ့ အနေနဲ့ပါ အခုလို ရေးဆွဲတာဖြစ်တယ်လို့ လူငယ်ဂရပ်ဖစ်တီပညာရှင် MC Prince က ပြောပါတယ်။  အိမ်ရှင် ဒေါ်ထားနွယ်ကလည်း "အိမ်နံရံပေါ်မှာ အမေစုပုံ ရေးဆွဲတယ်ဆိုတာက အမေစုက တိုင်းပြည်အတွက် လုပ်ပေး နိုင်တယ် ဆိုတာရယ်၊ အမေစု ရေးသားခဲ့တဲ့ "ကဗျာဆိုတာ" ဆိုတဲ့ ကဗျာလေးက မှတ်သားစရာ ကောင်းတဲ့ ကဗျာလေးလည်း ဖြစ်တာကြောင့် ဖိတ်ခေါ်ရေးဆွဲဖို့ခိုင်းတာ ဖြစ်ပါတယ်"လို့ ပြောပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံအပြင် ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့တဲ့ " ကဗျာဆိုတာ " အမည်ရှိ ကဗျာကိုလည်း အိမ်နံရံပေါ်မှာ  ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ သတင်း- သော်တာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024