Home
မြန်မာသတင်း
မဲစာရင်းကြည့်ရန် နှိုးဆော်ကြေညာသူကို ဓားဖြင့်ခုတ်ခဲ့သည့်တရားခံ ဖမ်းမမိသေး 
DVB
·
October 16, 2020
121625657_2913392922226689_6843668097652285107_o
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ သပြေစမ်းကျေးရွာမှာ မဲစာရင်းကြည့်ရှု စစ်ဆေးပေးဖို့ လိုက်လံ နှိုးဆော်ကြေညာတဲ့ ရွာသား ၁ ဦး ဓားနဲ့ အခုတ်ခံရပြီး တရားခံကိုတော့ သီတင်း တစ်ပတ်ကျော်ကြာတဲ့အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ မင်းလှမြို့နယ်စခန်းမှူး ဒုရဲမှူးကိုလင်းလင်းက ပြောပါတယ်။ အောက်တိုဘာ ၇ ရက်နေ့ညက သပြေစမ်းကျေးရွာသူ၊ ကျေးရွာသားတွေကို မဲစာရင်း ကြည့်ရှုစစ်ဆေးပေးဖို့ ရွာသား ဦးစိုးမြင့်ကို လိုက်လံ‌ကြေညာခိုင်းရမှာ  ဓားနဲ့ အခုတ်ခံခဲ့ ရဖြစ်တယ်လို့ သပြေစမ်းကျေးရွာ ရာအိမ်မှူး ဦးခင်မောင်လင်းက ပြောပါတယ်။  ဓားနဲ့ အခုတ်ခံရသူ ဦးမြင့်စိုးက “ ရာအိမ်မှူးရဲ့ ညွှန်ကြားချက်အရ  အောက်တိုဘာ ၇ ရက်ည  ၇ နာရီ ၁၅ မိနစ်လောက်မှာ ကျေးရွာသူ၊ ကျေးရွာသားတွေကို မဲစားရင်းကြည့်ရှုဖို့ လိုက်လံ ကြေညာ အော်ပေးနေတဲ့အချိန်မှာ ချစ်ကိုရဲ့ လှမ်းဆဲသံကြားရတာ။  မူးလို့ဆဲတာပဲလို့ တွေးပြီး ဆက်အော်ပေးနေချိန် ဓားနဲ့ထွက်ခုတ်တာ”လို့ ပြောပါတယ်။  အခင်းဖြစ်ပွားပြီး သီတင်း တစ်ပတ်ကျော်ကြာလာတဲ့အထိ တရားခံမဖမ်းမိသေးတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့  ‌အမြန်ဆုံး ဖမ်းမိနိုင်အောင်ဆောင်ရွက်ပေးစေချင်တယ်လို့လည်း ဆက်လက်ပြောဆိုခဲ့ပါတယ်။ ခုလိုဓားနဲ့ အခုတ်ခံရ‌တာ‌ကြောင့် ဦးမြင့်စိုးရဲ့ ဘယ်ဘက်လက်ညှိုးမှာ ပြတ်ရှဒဏ်ရာတစ်ချက်၊ ညာဘက်ပခုံး ပြတ်ရှဒဏ်ရာတစ်ချက်တို့ ရရှိခဲ့ပါတယ်။ သတင်း- သက်နိုင်ဝင်း(CJ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024