Live
Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးပွဲ ကြားဝင်ဖြန်ဖြေသူမလိုဟု လက်နက်ကိုင် ၂ ဖွဲ့ ပူးတွဲကြေညာ
နော်နိုရင်း
·
July 18, 2013
မြန်မာနိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေမှာ ကြားဝင်စေ့စပ်ဖြန်ဖြေသူ မလိုဘူးလို့ ကရင်အမျိုး သားအစည်းအရုံး (ကေအန်ယူ) နဲ့ ရှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ (အာရ်စီအက်စ်အက်စ်) က မနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံအရေး တွေ့ဆုံဆွေနွေးမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ၊ လူမှုအ ဖွဲ့အစည်း၊ လွှတ်တော်၊ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အထင်ကရ နိုင်ငံ့ခေါင်း ဆောင်တွေ ပါဝင်ရမှာ ဖြစ်ပေမယ့် ကြားဝင်စေ့စပ်ဖြန်ဖြေသူ ဒါမှမဟုတ် အကျိုးဆောင်တွေ မလိုအပ်ဘူးလို့  ကေအန်ယူနဲ့ အာစီအက်စ်အက်စ်ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပူးတွဲရေးဆွဲထားတဲ့ အမျိုးသားတွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်မှာ  ကြားဝင်စေ့စပ်ဖြန်ဖြေသူ ပါဝင်ခြင်းမရှိဘဲ အဖွဲ့အစည်းအသီးသီးက မိမိအရေးကို မိမိကိုယ်တိုင် ဦးဆောင်တင်ပြနိုင်တဲ့ပုံစံနဲ့ ရေးဆွဲထားတာဖြစ်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ် လည်ပတ်တဲ့အခါ ကြားဝင်ဖြန်ဖြေသူတွေ အကျိုးဆောင်တွေကို ဖိတ်ခေါ်နိုင်တယ်လို့ ဆိုပါတယ်။ ယေဘူယျအားဖြင့်တော့ ဆွေးနွေးရေးလုပ်ငန်းစဉ်မှာ တိုက်ရိုက်ပါဝင်မယ့်အဖွဲ့တွေက ပုဂ္ဂိုလ် တွေကတော့ ကြားဝင်ဖြန်ဖြေသူ၊  အကျိုးဆောင်အဖြစ် ဆောင်ရွက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ မြန်မာ့နိုင်ငံရေးဆွေးနွေးမှုမှာ ကြားဝင်စေ့စပ်သူရှိခြင်းအားဖြင့် ရှုပ်ထွေးမှု ဖြစ်စေတယ်လို့ အာစီအက်စ်အက်စ် ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။ “ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ပထမ အပစ်အခတ်ရပ်စဲရေးတွေလုပ်မယ်၊ အပစ်အခတ်ရပ်စဲရေးလုပ်တဲ့နေရာမှာ နိုင်ငံရေးဆွေးနွေးမှုတွေ ဖြစ်ပေါ်လာအောင် အာမခံချက်ပေးတဲ့ သဘောတူညီချက်တွေ ရရှိရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးတဲ့ အချိန်မှာလည်း ကျနော်တို့နဲ့ တိုက်ရိုက် ပတ်သက်တဲ့ အဖွဲ့အစည်းများကသာလျှင် ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ တိုက်ရိုက်ပတ်သက်တယ်ဆိုတာကတော့ ကျနော်တို့ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရယ်၊ နိုင်ငံရေး ပါတီတွေရယ်၊ အမျိုးသမီးရယ်၊ ပြည်သူရယ် ဒီလို နိုင်ငံရေးတွေနဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်းပေါင်းစုံကို ကျနော်ဆိုလိုတာပါ။ ကြားဝင် ဖြန့်ဖြေပေးမယ့် အဖွဲ့အစည်းနဲ့ ကျနော်တို့ ဆွေးနွေးဖို့ မဟုတ်ပါဘူး။ ကြားခံဆိုတာက ဘယ်သူလာပြီးတော့ ကြာခံပေးမှာလဲ။ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဆိုရင်လည်း သူမဟာ လွှတ်တော်ထဲက ကိုယ်စားလှယ်တဦးဖြစ်ပါတယ်။ နောက်ပြီးတော့ ပြည်ပကဆိုရင်လည်း ကြားခံ ဖြန်ဖြေပေးမယ့် အဖွဲ့အစည်းအဖြစ်နဲ့ လာပြီးတော့ ရပ်တည်ပေးလို့ မရနိုင်မယ့် အနေအထားမျိုးရှိပါတယ်။ ကျနော်တို့ တိုက်ရိုက် ဆွေးနွေးရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။” ဒါ့အပြင် အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးဆွေးနွေးရာမှာလည်း သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့သာ သက်ဆိုင်ပြီး တခြားနိုင်ငံရေးပါတီအဖွဲ့က ပုဂ္ဂိုလ်တွေနဲ့ မသက်ဆိုင် ဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန် အက်ဖ်စီ) ရဲ့ အလုပ်မှုဆောင်အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ အလုပ်အဖွဲ့တို့ တွေ့ဆုံစဉ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ကြားဝင် စေ့စပ်ဖြန်ဖြေသူ သို့မဟုတ် အကျိုးဆောင်တွေကို အသုံးပြုဖို့ တိုက်တွန်းဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့ထုတ်တဲ့ ကေအန်ယူနဲ့ အာစီအက်စ်အက်စ် ပူးတွဲကြေညာချက်မှာတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ကြားဝင်စေ့စပ်ဖြန်ဖြေသူ သို့မဟုတ် အကျိုးဆောင်တွေ မလိုအပ်ကြောင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ယူအန်အက်ဖ်စီ အတွင်းရေးမှူး နိုင်ဟံသာက “လက်တွေ့မကျဘူးလို့ အဲဒီလို မြင်တယ်။ နောက် ယုံကြည်မှု တဘက်နဲ့ တဘက် မရှိတဲ့ အနေအထားမှာ ကြားလူမရှိရင် ပိုပြီးတော့ ယုံကြည်ဖို့ ခက်သွားမှာပေါ့။ အဲဒီအနေအထားမျိုး ရှိတယ်” လို့ ပြောပါတယ်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ကို လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲ ကြားဝင်ဖြန်ဖြေသူမလိုဟု လက်နက်ကိုင် ၂ ဖွဲ့ ပူးတွဲကြေညာ နော်နိုရင်း၊ ၁၈ ဇူလိုင် ၂၀၁၃ မြန်မာနိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေမှာ ကြားဝင်စေ့စပ်ဖြန်ဖြေသူ မလိုဘူးလို့ ကရင်အမျိုး သားအစည်းအရုံး (ကေအန်ယူ) နဲ့ ရှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ (အာရ်စီအက်စ်အက်စ်) က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံအရေး တွေ့ဆုံဆွေနွေးမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ၊ လူမှုအ ဖွဲ့အစည်း၊ လွှတ်တော်၊ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အထင်ကရ နိုင်ငံ့ခေါင်း ဆောင်တွေ ပါဝင်ရမှာ ဖြစ်ပေမယ့် ကြားဝင်စေ့စပ်ဖြန်ဖြေသူ ဒါမှမဟုတ် အကျိုးဆောင်တွေ မလိုအပ်ဘူးလို့  ကေအန်ယူနဲ့ အာစီအက်စ်အက်စ်ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပူးတွဲရေးဆွဲထားတဲ့ အမျိုးသားတွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်မှာ  ကြားဝင်စေ့စပ်ဖြန်ဖြေသူ ပါဝင်ခြင်းမရှိဘဲ အဖွဲ့အစည်းအသီးသီးက မိမိအရေးကို မိမိကိုယ်တိုင် ဦးဆောင်တင်ပြနိုင်တဲ့ပုံစံနဲ့ ရေးဆွဲထားတာဖြစ်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ် လည်ပတ်တဲ့အခါ ကြားဝင်ဖြန်ဖြေသူတွေ အကျိုးဆောင်တွေကို ဖိတ်ခေါ်နိုင်တယ်လို့ ဆိုပါတယ်။ ယေဘူယျအားဖြင့်တော့ ဆွေးနွေးရေးလုပ်ငန်းစဉ်မှာ တိုက်ရိုက်ပါဝင်မယ့်အဖွဲ့တွေက ပုဂ္ဂိုလ် တွေကတော့ ကြားဝင်ဖြန်ဖြေသူ၊  အကျိုးဆောင်အဖြစ် ဆောင်ရွက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ မြန်မာ့နိုင်ငံရေးဆွေးနွေးမှုမှာ ကြားဝင်စေ့စပ်သူရှိခြင်းအားဖြင့် ရှုပ်ထွေးမှု ဖြစ်စေတယ်လို့ အာစီအက်စ်အက်စ် ပြောခွင့်ရ ဗိုလ်မှူး စိုင်လောင်ဝ်ဆိုင်က ပြောပါတယ်။ “ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ပထမ အပစ်အခတ်ရပ်စဲရေးတွေလုပ်မယ်၊ အပစ်အခတ်ရပ်စဲရေးလုပ်တဲ့နေရာမှာ နိုင်ငံရေးဆွေးနွေးမှုတွေ ဖြစ်ပေါ်လာအောင် အာမခံချက်ပေးတဲ့ သဘောတူညီချက်တွေ ရရှိရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးတဲ့ အချိန်မှာလည်း ကျနော်တို့နဲ့ တိုက်ရိုက် ပတ်သက်တဲ့ အဖွဲ့အစည်းများကသာလျှင် ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ တိုက်ရိုက်ပတ်သက်တယ်ဆိုတာကတော့ ကျနော်တို့ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရယ်၊ နိုင်ငံရေး ပါတီတွေရယ်၊ အမျိုးသမီးရယ်၊ ပြည်သူရယ် ဒီလို နိုင်ငံရေးတွေနဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်းပေါင်းစုံကို ကျနော်ဆိုလိုတာပါ။ ကြားဝင် ဖြန့်ဖြေပေးမယ့် အဖွဲ့အစည်းနဲ့ ကျနော်တို့ ဆွေးနွေးဖို့ မဟုတ်ပါဘူး။ ကြားခံဆိုတာက ဘယ်သူလာပြီးတော့ ကြာခံပေးမှာလဲ။ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဆိုရင်လည်း သူမဟာ လွှတ်တော်ထဲက ကိုယ်စားလှယ်တဦးဖြစ်ပါတယ်။ နောက်ပြီးတော့ ပြည်ပကဆိုရင်လည်း ကြားခံ ဖြန်ဖြေပေးမယ့် အဖွဲ့အစည်းအဖြစ်နဲ့ လာပြီးတော့ ရပ်တည်ပေးလို့ မရနိုင်မယ့် အနေအထားမျိုးရှိပါတယ်။ ကျနော်တို့ တိုက်ရိုက် ဆွေးနွေးရမယ် ကိစ္စတွေ ဖြစ်ပါတယ်။” ဒါ့အပြင် အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးဆွေးနွေးရာမှာလည်း သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့သာ သက်ဆိုင်ပြီး တခြားနိုင်ငံရေးပါတီအဖွဲ့က ပုဂ္ဂိုလ်တွေနဲ့ မသက်ဆိုင် ဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန် အက်ဖ်စီ) ရဲ့ အလုပ်မှုဆောင်အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ အလုပ်အဖွဲ့တို့ တွေ့ဆုံစဉ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ကြားဝင် စေ့စပ်ဖြန်ဖြေသူ သို့မဟုတ် အကျိုးဆောင်တွေကို အသုံးပြုဖို့ တိုက်တွန်းဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့ထုတ်တဲ့ ကေအန်ယူနဲ့ အာစီအက်စ်အက်စ် ပူးတွဲကြေညာချက်မှာတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ကြားဝင်စေ့စပ်ဖြန်ဖြေသူ သို့မဟုတ် အကျိုးဆောင်တွေ မလိုအပ်ကြောင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ယူအန်အက်ဖ်စီ အတွင်းရေးမှူး နိုင်ဟံသာက “လက်တွေ့မကျဘူးလို့ အဲဒီလို မြင်တယ်။ နောက် ယုံကြည်မှု တဘက်နဲ့ တဘက် မရှိတဲ့ အနေအထားမှာ ကြားလူမရှိရင် ပိုပြီးတော့ ယုံကြည်ဖို့ ခက်သွားမှာပေါ့။ အဲဒီအနေအထားမျိုး ရှိတယ်” လို့ ပြောပါတယ်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ကို လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲ ကြားဝင်ဖြန်ဖြေသူမလိုဟု လက်နက်ကိုင် ၂ ဖွဲ့ ပူးတွဲကြေညာ နော်နိုရင်း၊ ၁၈ ဇူလိုင် ၂၀၁၃ မြန်မာနိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေမှာ ကြားဝင်စေ့စပ်ဖြန်ဖြေသူ မလိုဘူးလို့ ကရင်အမျိုး သားအစည်းအရုံး (ကေအန်ယူ) နဲ့ ရှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ (အာရ်စီအက်စ်အက်စ်) က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံအရေး တွေ့ဆုံဆွေနွေးမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ၊ လူမှုအ ဖွဲ့အစည်း၊ လွှတ်တော်၊ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အထင်ကရ နိုင်ငံ့ခေါင်း ဆောင်တွေ ပါဝင်ရမှာ ဖြစ်ပေမယ့် ကြားဝင်စေ့စပ်ဖြန်ဖြေသူ ဒါမှမဟုတ် အကျိုးဆောင်တွေ မလိုအပ်ဘူးလို့  ကေအန်ယူနဲ့ အာစီအက်စ်အက်စ်ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပူးတွဲရေးဆွဲထားတဲ့ အမျိုးသားတွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်မှာ  ကြားဝင်စေ့စပ်ဖြန်ဖြေသူ ပါဝင်ခြင်းမရှိဘဲ အဖွဲ့အစည်းအသီးသီးက မိမိအရေးကို မိမိကိုယ်တိုင် ဦးဆောင်တင်ပြနိုင်တဲ့ပုံစံနဲ့ ရေးဆွဲထားတာဖြစ်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ် လည်ပတ်တဲ့အခါ ကြားဝင်ဖြန်ဖြေသူတွေ အကျိုးဆောင်တွေကို ဖိတ်ခေါ်နိုင်တယ်လို့ ဆိုပါတယ်။ ယေဘူယျအားဖြင့်တော့ ဆွေးနွေးရေးလုပ်ငန်းစဉ်မှာ တိုက်ရိုက်ပါဝင်မယ့်အဖွဲ့တွေက ပုဂ္ဂိုလ် တွေကတော့ ကြားဝင်ဖြန်ဖြေသူ၊  အကျိုးဆောင်အဖြစ် ဆောင်ရွက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ မြန်မာ့နိုင်ငံရေးဆွေးနွေးမှုမှာ ကြားဝင်စေ့စပ်သူရှိခြင်းအားဖြင့် ရှုပ်ထွေးမှု ဖြစ်စေတယ်လို့ အာစီအက်စ်အက်စ် ပြောခွင့်ရ ဗိုလ်မှူး စိုင်လောင်ဝ်ဆိုင်က ပြောပါတယ်။ “ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ပထမ အပစ်အခတ်ရပ်စဲရေးတွေလုပ်မယ်၊ အပစ်အခတ်ရပ်စဲရေးလုပ်တဲ့နေရာမှာ နိုင်ငံရေးဆွေးနွေးမှုတွေ ဖြစ်ပေါ်လာအောင် အာမခံချက်ပေးတဲ့ သဘောတူညီချက်တွေ ရရှိရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးတဲ့ အချိန်မှာလည်း ကျနော်တို့နဲ့ တိုက်ရိုက် ပတ်သက်တဲ့ အဖွဲ့အစည်းများကသာလျှင် ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ တိုက်ရိုက်ပတ်သက်တယ်ဆိုတာကတော့ ကျနော်တို့ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရယ်၊ နိုင်ငံရေး ပါတီတွေရယ်၊ အမျိုးသမီးရယ်၊ ပြည်သူရယ် ဒီလို နိုင်ငံရေးတွေနဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်းပေါင်းစုံကို ကျနော်ဆိုလိုတာပါ။ ကြားဝင် ဖြန့်ဖြေပေးမယ့် အဖွဲ့အစည်းနဲ့ ကျနော်တို့ ဆွေးနွေးဖို့ မဟုတ်ပါဘူး။ ကြားခံဆိုတာက ဘယ်သူလာပြီးတော့ ကြာခံပေးမှာလဲ။ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဆိုရင်လည်း သူမဟာ လွှတ်တော်ထဲက ကိုယ်စားလှယ်တဦးဖြစ်ပါတယ်။ နောက်ပြီးတော့ ပြည်ပကဆိုရင်လည်း ကြားခံ ဖြန်ဖြေပေးမယ့် အဖွဲ့အစည်းအဖြစ်နဲ့ လာပြီးတော့ ရပ်တည်ပေးလို့ မရနိုင်မယ့် အနေအထားမျိုးရှိပါတယ်။ ကျနော်တို့ တိုက်ရိုက် ဆွေးနွေးရမယ် ကိစ္စတွေ ဖြစ်ပါတယ်။” ဒါ့အပြင် အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးဆွေးနွေးရာမှာလည်း သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့သာ သက်ဆိုင်ပြီး တခြားနိုင်ငံရေးပါတီအဖွဲ့က ပုဂ္ဂိုလ်တွေနဲ့ မသက်ဆိုင် ဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန် အက်ဖ်စီ) ရဲ့ အလုပ်မှုဆောင်အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ အလုပ်အဖွဲ့တို့ တွေ့ဆုံစဉ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ကြားဝင် စေ့စပ်ဖြန်ဖြေသူ သို့မဟုတ် အကျိုးဆောင်တွေကို အသုံးပြုဖို့ တိုက်တွန်းဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့ထုတ်တဲ့ ကေအန်ယူနဲ့ အာစီအက်စ်အက်စ် ပူးတွဲကြေညာချက်မှာတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ကြားဝင်စေ့စပ်ဖြန်ဖြေသူ သို့မဟုတ် အကျိုးဆောင်တွေ မလိုအပ်ကြောင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ယူအန်အက်ဖ်စီ အတွင်းရေးမှူး နိုင်ဟံသာက “လက်တွေ့မကျဘူးလို့ အဲဒီလို မြင်တယ်။ နောက် ယုံကြည်မှု တဘက်နဲ့ တဘက် မရှိတဲ့ အနေအထားမှာ ကြားလူမရှိရင် ပိုပြီးတော့ ယုံကြည်ဖို့ ခက်သွားမှာပေါ့။ အဲဒီအနေအထားမျိုး ရှိတယ်” လို့ ပြောပါတယ်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ကို လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024