ကာဂျစ်စတန်သမ္မတ ရာထူးမှ နုတ်ထွက်ရန်နှင့်ပါလီမန်ဖျက်သိမ်းရန် ဆန္ဒပြ

ကာဂျစ်စတန်ဝန်ကြီးချုပ်သစ် ဆက်ဒီယာ ဂျက်ပရော့ဗ်ကို  ထောက်ခံသူတွေက ဆန္ဒပြပွဲ တားမြစ်ချက်တွေကို ချိုးဖောက်ပြီး အောက်တိုဘာ ၁၄ ရက်မှာ သမ္မတရာထူးက နုတ်ထွက်ရေးနဲ့ ပါလီမန် ဖျက်သိမ်းရေးတို့ကို တောင်းဆိုခဲ့ပါတယ်။  ဝန်ကြီးချုပ်သစ်  ဂျက်ပရော့ဗ်က သူကတိပေးထားတဲ့အတိုင်း  သမ္မတ ဆိုရွန်ဘိုင်ဂျင်း ဘက်ကော့ဖ်ကို ရာထူးကနေ နုတ်ထွက်ဖို့ ဖိအားပေးပြီး ကာဂျစ်စတန် နိုင်ငံရေးအကျပ် အတည်းကို အဆုံးသတ်မယ်လို့ ပြောဆိုထားပါတယ်။  ကာဂျစ်စတန်မှာ အောက်တိုဘာ ၄ ရက် ပါလီမန်ရွေးကောက်ပွဲ ရလဒ်ကို ဆန္ဒပြပွဲတွေ ကြောင့် ဖျက်သိမ်းခဲ့ပါတယ်။  လွှတ်တော် အမတ်တချို့ရဲ့ မဲမသမာမှုကြောင့် အောက်တိုဘာ ၁၀ ရက်မှာပဲ သမ္မတ ဂျင်းဘက်ကော့ဗ်က ပါလီမန်ရဲ့ ယခင် ဆုံးဖြတ်ချက်ကို ပယ်ချခဲ့တာပါ။  အစောပိုင်းမှာ ပါလီမန်က အမျိုးသားရေးဝါဒီ ဂျက်ပရော့ဗ်ကို ဒုတိယအကြိမ် ဝန်ကြီးချုပ် တင်မြှောက်ဖို့ အတည်ပြုထားပါတယ်။  ဒုတိယအကြိမ် မဲပေးပြီးချိန်မှာတေ့ာ သမ္မတက ဝန်ကြီးချုပ်သစ် ခန့်အပ်မှုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။  အစိုးရသစ်ဖွဲ့ပြီးတာနဲ့ ရာထူးက နုတ်ထွက်ပေးဖို့ အသင့်ပဲလို့ သမ္မတ ဂျင်းဘက်ကော့ဗ်က ပြီးခဲ့တဲ့သတင်းပတ်မှာ ပြောဆိုခဲ့ပါတယ်။  ဒါပေမဲ့ သူ့အနေနဲ့ ချက်ချင်း နုတ်ထွက်မလားဆိုတာ သဲသဲကွဲကွဲ  မသိရသေးဘူးလို့ ရိုက်တာ က ဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up