DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်မည့် ကော်မတီလျာထားစာရင်းထွက်
DVB
·
July 18, 2013
ဖွဲ့စည်းပုံပြင်မည့် ကော်မတီလျာထားစာရင်းထွက်
Donate to DVB

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီလောင်း ၁၀၉ ဦး စာရင်းကို ဇူလိုင် ၁၈ ရက်က လွှတ်တော်အမတ်တွေထံ ဖြန့်ဝေလိုက်ပါတယ်။

ကော်မတီဝင် ၁၀၉ ဦးစာရင်းကို လွှတ်တော်အမတ်တွေထံ ကြိုတင်ဖြန့်ဝေထားပြီး ကော်မတီနဲ့ ကော်မတီဝင်တွေကိုတော့ ဇူလိုင် ၂၅ ရက်မှာ ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော်ကျမှ အတည်ပြုဆုံးဖြတ်မှာ ဖြစ်ပါတယ်။

အခုလို အမတ်တွေထံ ကြိုတင်ဖြန့်ဝေရတာဟာ ကော်မတီ အတည်မဖြစ်ခင် ကြိုတင် စဉ်းစားပြီး အကြံပြုနိုင်အောင်ဖြစ်တယ်လို့ ကော်မတီဝင် စာရင်းထဲပါတဲ့ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့် က ပြောပါတယ်။

“ကြိုပေးထားပြီးတော့ နောက် စဉ်စားလို့ ရအောင်ပေါ့။ အဲဒီကော်မတီကပဲ တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေ၊ ရပိုင်ခွင့်တွေကို အဲဒီဖွဲ့ပြီးတဲ့ ကော်မတီကပဲ ရေးရမှာကိုး။ ဒါတွေကို လေ့လာချိန်တွေရအောင် ကြိုပေးလိုက်တာ။ အဲဒီကော်မတီဝင်တွေကပဲ အတွင်းရေးမှူးနဲ့ တွဲဖက် အတွင်းရေးမှူး ရွေးမှာကိုး။ အဲဒါကိုလည်း အတည်ပြုပေးရဦးမယ်။ အတည်ပြုမယ်ဆိုတော့ လူတွေက စဉ်းစားလို့ ရတာပေါ့။ ဒါပေမယ့် လွှတ်တော်က အတည်ပြုပေးရမယ်ဆိုတော့ အဲဒါတွေသိအောင်လို့ အကုန်လုံး ဖြန့်ပေးလိုက်တာ။ ဒီ ၁၀၉ ဦးထဲကနေပြီးတော့ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး ရွေးဖို့တို့။ နောက်တခုက ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ရွေးဖို့၊ အဲဒါတွေက စဉ်းစားထားလို့ ရတာပေါ့နော်။ ဒါပြည်ထောင်စု လွှတ်တော်တခုလုံးကို ကိုယ်စားလှယ်တွေ ချပြလိုက်တော့ ပြည်ထောင်စု လွှတ်တော်ကပဲ ပြန်အတည်ပြုမှာလေ။”

အခုလျာထားကော်မတီစာရင်းမှာ ပြည်သူ့လွှတ်တော်အမတ်တွေနဲ့ အမျိုးသားလွှတ်တော် အမတ်တို့ အချိုးညီ ပါဝင် ဖွဲ့စည်းထားပြီး လွှတ်တော်ထဲရောက်နေတဲ့ ပါတီကိုယ်စားလှယ် အချိုးအတိုင်း ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။

ကော်မတီလျာထားစာရင်းအရ ကော်မတီဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ဟာ ပြည်ထောင်စုလွှတ်တော် ဒုနာယကနဲ့ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်က ဒုဥက္ကဋ္ဌတို့က ဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။

အတွင်းရေးမှူးနဲ့ တွဲဘက်အတွင်းရေးမှူးတို့ကိုတော့ ကော်မတီဥက္ကဋ္ဌက အဖွဲ့ဝင်ထဲက ၂ ယောက်ကို ရွေးချယ်တာဝန်ပေးမှာ ဖြစ်ပါတယ်။
ကော်မတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမတ် ၅၂ ဦး၊ တပ်မတော်သားအမတ် ၂၅ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ် ၇ ဦးတို့ ပါဝင်ပြီး ပါတီငယ်တွေက အမတ် အနည်းဆုံး ၁ ဦး ပါဝင်ပါတယ်။

တသီးပုဂ္ဂလိကအမတ် ၄ ဦးထဲက ၁ ဦးပဲ စာရင်းပေးဖို့ တောင်းခံခဲ့တာကို ၃ ဦးက အမည်စာရင်း သီးခြားစီ ပေးပို့လာတဲ့အတွက် လျာထားကော်မတီဝင် ၁၀၉ ဦး ဖြစ်သွားတာပါ။ တကယ်ဖွဲ့တဲ့အခါမှာတော့ ၁၀၇ ဦးပဲ ဖြစ်ဖို့ များပါတယ်။

အခုလို ကော်မတီလောင်းစာရင်း ကြိုတင်ထုတ်ပြန်လိုက်တဲ့အတွက် ဘယ်ပါတီက ဘယ် အမတ်တွေ ကော်မတီမှာ ပါဝင်သလဲဆိုတာကိုလည်း လွှတ်တော်အမတ်တွေ အားလုံး သိရှိခွင့် ရပြီ  ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ/ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေးအတွက် ပြီးခဲ့တဲ့ ၆ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ၀က်လက်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအေးမြင့်က အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013