ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၁,၁၂၃ ယောက်တွင် ရန်ကုန်တိုင်းက ၉၁၅ ဦးပါဝင်
DVB
·
October 14, 2020
မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၁၂၃ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၉၁၅ ယောက် ပါဝင်နေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၆ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။
ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေထဲမှာ ရန်ကုန်တိုင်းက ၉၁၅ ယောက်နဲ့ အများဆုံး ဖြစ်ပါတယ်။ ရန်ကုန်တိုင်းထဲက မရမ်းကုန်းမြို့နယ်မှာ ၁၁၅ ယောက်၊ မင်္ဂလာဒုံမြို့နယ်မှာ ၁၀၃ ယောက်၊ မြောက်ဉက္ကလာပမြို့နယ်က ၁၀၂ ယောက်စီနဲ့ အများ ဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ် ၄၁ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။
ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်းမြို့နယ် ၈ ခုမှာ ၅၇ ယောက်၊ မန္တလေးတိုင်းမြို့နယ် ၁၃ ခုမှာ ၆၀ ယောက်၊ မွန် ပြည်နယ်မြို့နယ် ၂ ခုမှာ ၃ ယောက်၊ မကွေးတိုင်းမြို့နယ် ၇ ခုမှာ ၉ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၉ ခုမှာ ၁၂ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၈ ခုမှာ ၃၄ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၃ ခုမှာ ၆ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၅ ယောက်၊ နေပြည်တော်မြို့နယ် ၄ ခုမှာ ၇ ယောက်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ် ၂ ခုမှာ ၂ ယောက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့နယ် ၃ ခုမှာ ၃ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၂ ခုမှာ ၁၀ ယောက် အသီးသီး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
အဆိုပါအတည်ပြုလူနာ ၁,၁၂၃ ယောက်ထဲမှာ အနံ့မရရှိသူ ၁၁၆ ယောက်ပါဝင် နေတယ်လို့လည်း ကျန်းမာရေးဌာန ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၀,၄၃၇ ယောက်၊ သေဆုံးသူ ၆၉၃ ယောက်နဲ့ ဆေးရုံဆင်းခွင့်ရသူ ၁၁,၇၆၉ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၈ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၁ သန်း ၉ သောင်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၈ ဒသမ ၈ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။