DVB Logo
Home
မြန်မာသတင်း
ဆက်သွယ်ရေး ဥပဒေမူကြမ်းကို ပညာရှင်များ အကြံပြု
DVB
·
July 17, 2013
ဆက်သွယ်ရေး ဥပဒေမူကြမ်းကို ပညာရှင်များ အကြံပြု
Donate to DVB

အများသူငါကို ချပြထားတဲ့ ဆက်သွယ်ရေးဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး  အစိုးရပိုင်းနဲ့ ပညာရှင်ပိုင်းက လွှတ်တော်မှာ သွားရောက်အကြံပြုတင်ပြခဲ့ကြပါတယ်။

ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များ အသင်းချုပ်တို့က တာဝန်ရှိသူတွေဟာ မြန်မာ့ဆက်သွယ်ရေးဥပဒေကြမ်းနဲ့ပတ်သက်လို့ လွှတ်တော်ကော်မတီ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးအကြံပြုခဲ့ကြပါတယ်။

လွှတ်တော်မှာ ဆွေးနွေးမယ့် မြန်မာ့ဆက်သွယ်ရေးဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အကြံဥာဏ်ပေးကြဖို့ ပြည်သူ့လွှတ်တော် ပိုဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီက ဖိတ်ခေါ်ခဲ့တဲ့အပေါ် သွားရောက် အကြံပြုကြတာ ဖြစ်ပါတယ်။

လေးရက်ဆက်တိုက် ဆွေးနေးရာမှာ အဓိကအားဖြင့် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရဖို့ကို အကြံပြုတင်ပြခဲ့တယ်လို့ ကိုယ်တိုင်တက်ရောက်တဲ့ Red Link ဆက်သွယ်ရေးကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်က ပြောပါတယ်။

“အများကြီးကွာသွားပြီ။ ကျနော်ထင်တယ် ၄၀ ရာခိုင်နှုန်းလောက် ကွာသွားပြီ။ ဌာနက ဆွဲတဲ့ ဟာအတိုင်း မဖြစ်ဘူးပေါ့။ အများကြီး အပြောင်းလဲလုပ်နိုင်တယ်။ နိုင်ငံတကာ ၀င်ပေါက်ထွက်ပေါက် ကိစ္စ အစိုးရက ထိန်းချုပ်မထားတော့ဘူး။ ပြစ်မှု ပြစ်ဒဏ်တွေဆိုရင်လည်း သင့်တော်ရုံပေါ့နော်။ ငွေဒဏ်ချလို့ရရင် ငွေဒဏ်ချပေါ့နော်၊ ငွေဒဏ်မဟုတ်ဘူးဆိုမှ ထောင်ဒဏ် ပုံစံမျိုးကို သွားစေချင်တာပေါ့။ ဘယ်နိုင်ငံမှလည်း ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့ ဒီလိုထောင်ဒဏ် ပြင်းပြင်းထန်ထန်ချတာ မရှိပါဘူး။ ၀န်ကြီးဌာနရဲ့ လွှမ်းမိုးမှု မရှိလေ ကောင်းလေပဲ၊ ဒါမှ လွတ်လွတ်လပ်လပ် ဆုံးဖြတ်လို့ရမှာပေါ့။ အရင်ဥပဒေကြမ်းမှာ ၀န်ကြီးတယောက်ရဲ့ ဆုံးဖြတ်ချက်က အများကြီး လုပ်ပိုင်ခွင့်ပေးတာ။ နိုင်ငံတကာနဲ့ ယှဉ်မယ်ဆိုလို့ရှိရင် သိမ့်မဟုတ်ဘူး။ အဲဒါလေးကို ကျနော်တို့ ထောက်ပြတာပေါ့လေ။ လွှတ်တော် ဘက်ကလည်း လက်ခံတယ်၊ နှစ်နှစ်အတွင်းမှာတော့ အပြီးဆောင်ရွက်မယ်။ ဆွေးနွေးတာမဟုတ်ဘူး တခါတည်း ဥပဒေမှာပါ ပြင်ခိုင်းတာ။”

အီလက်ထရောနစ် အက်ဥပဒေပုဒ်မနဲ့ ထောင်ကျခံရဖူးတဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်ကလည်း ပြည်သူအများယုံကြည်စိတ်ချတဲ့ ဥပဒေမျိုးဖြစ်သင့်တယ်လို့ အကြံပြုပါတယ်။

“ကျနော်တို့ကို အရေးယူခဲ့တဲ့ အီလက်ထောနစ် အက်ဥပဒေ ပုဒ်မက ရှိနေတုန်းပဲလေ။ ပြစ်မှုပြစ်ဒဏ် တွေကိစ္စကို ဒီအထဲမှာ မထည့်ဖို့ပေါ့နော်။ နောက် ပြစ်မှုပြစ်ဒဏ်တွေကလည်း ၇ နှစ်ကနေ ၁၅ ဆိုတာ အဲဒါလည်း များလွန်တယ်ပေါ့နော်။ အဲဒါတွေကိုလည်း ဆွေးနွေးခဲ့တယ်။ ကျနော်တို့တုန်းက ဘာမှ အဓိပ္ပာယ် မရှိဘဲနဲ့ တရားစီရင်တယ်။ ပြစ်မှု ပြစ်ဒဏ်တွေ ဆိုတာလည်း သေချာ မစဉ်စားဘဲနဲ့ အတင်းဆွဲချတာလေ။ အဲဒီလို အဖြစ်အပျက်မျိုး နောက်ထပ်မဖြစ်အောင်၊ နောက်ပိုင်းဖြစ်လာမယ့် ဥပဒေတွေကတော့ တကယ်ခိုင်မာတဲ့ ပြည်သူလူထု ယုံကြည် စိတ်ချရတဲ့ ဥပဒေမျိုး ဖြစ်သင့်တာပေါ့။"

မြန်မာနိုင်ငံမှာ နော်ဝေအခြေပြု တယ်လီနောနဲ့ ကာတာအခြေစိုက် အော်ရဒူတို့က ဆက်သွယ်ရေးအော်ပရေတာ တင်ဒါအောင်မြင်သူတွေဖြစ်ကြပြီး ဆက်သွယ်ရေးဥပဒေ ပေါ်ထွက်လာရင် လက်ခံလိုက်နာမယ်လို့ ကတိပြုထားကြပါတယ်။

ဥပဒေကြမ်းအရ လိုင်စင်ရထားတဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေ အသုံးပြုမယ့် စက်ပစ္စည်းတွေ လိုင်စင်လျှောက်ဖို့ မလိုပေမယ့် ဦးစီးဌာနခွင့်ပြုချက်ရမှသာ တင်သွင်းခွင့်ပြုမှာဖြစ်ပြီး သုံးဆွဲသူတွေအနေနဲ့ ပြစ်မှုတစုံတရာ ကျူးလွန်ကြောင်း တွေရပါက ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013