တောင်ကိုရီးယားနှင့် ဂျပန်ကို သွားမည့် မြန်မာလုပ်သားများ ကိုဗစ်-၁၉ စစ်ဆေးရမည်

ကိုဗစ်-၁၉ကာလ  တောင်ကိုရီးယားနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့မှာ အလုပ်လုပ်ကိုင်ဖို့  သွားရောက်ကြမယ့် မြန်မာလုပ်သားတွေ ပြည်ပထွက်ခွာမယ့် ၇၂ နာရီအတွင်း ကိုဗစ်-၁၉  စစ်ရမှာဖြစ်သလို သက်ဆိုင်ရာနိုင်ငံတွေမှာ ကွာရန်တင်း ၁၄ ရက်ထပ်မံ ဝင်ရ မယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အလုပ်သမားစေလွှတ်နေတဲ့နိုင်ငံ ၁၀ နိုင်ငံလောက်မှာ အခု ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း မြန်မာအလုပ်သမားတွေကို တရားဝင် ပြန်လည်ခေါ်ယူနေတာ ဂျပန်နဲ့ ကိုရီးယား နှစ်နိုင်ငံပဲ ရှိပါသေးတယ်။ ဒီနှစ်နိုင်ငံမှာလည်း ကိုရီးယားနိုင်ငံအနေနဲ့ အရင်ကလုပ်ကိုင်ခဲ့ဖူးတဲ့ လူဟောင်းတွေကိုပဲပြန်လည်ခေါ် ယူနေတာဖြစ်သလို၊ ဂျပန်နိုင်ငံအနေနဲ့တော့ ကိုဗစ်ကာလအတွင်း စေလွှတ်ခွင့်ပိတ်ခဲ့ချိန်မှာသွား ဖို့စောင့်ဆိုင်းခဲ့တဲ့ လုပ်သားတွေကို ဦးစားပေးခေါ်ယူနေတာပါ။ ဒါပေမဲ့ ဒီကာလမှာ သက်ဆိုင်ရာနိုင်ငံမှာ ကွာရန်တင်းဝင်ရတဲ့အခြေအနေတွေ၊ ပြည်တွင်းမှာ ကိုဗစ်-၁၉ စစ်ဆေးဖို့  ညွှန်ကြားချက် အဆင့်ဆင့် တင်ပြလုပ်ကိုင်ရတဲ့ အခြေအနေတွေ၊ လေယာဉ်တွေ မလွယ်ကူတဲ့အခြေအနေတွေနဲ့  အခက်ခဲတွေအတော်များတယ်လို့  မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)ရဲ့ ဒုတိယဥက္ကဋ္ဌ က ပြောပါတယ်။ မြန်မာလုပ်သားတွေကို ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊  ကိုရီးယား၊ ဂျပန်၊ မကာအို၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ယူအေအီး၊ ဂျော်ဒန် စတဲ့ နိုင်ငံတွေက လည်း ခေါ်ယူ နေတာပါ။ ဒါပေမဲ့ အခုလက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းမှာတော့ ဂျပန်နဲ့ ကိုရီးယားနိုင်ငံကလွဲပြီး  ကျန်နိုင်ငံတွေက ခေါ်ယူမှုလုံးဝရပ်ဆိုင်းထားတာပါ။  အဲ့လိုရပ်ဆိုင်းလိုက်တဲ့အခြေအနေတွေကြောင့် ပြည်ပမှာ အလုပ်သွားလုပ်ဖို့  မြန်မာပြည်ကနေ ထွက်ခွာသွားခွင့်ရဖို့  စောင့်ဆိုင်းနေတဲ့ လုပ်သားဦးရေ သောင်းချီရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။  သတင်း- ဇာခြည်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up